The Lady ရုပ်ရှင်ဇာတ်ကား စပြပြီ
မိုဘီ ဂျီနို အစီအစဉ်တွေ ပြန်နားထောင်မယ်ဆိုရင်
ဒီမီဒီယာကို ဖွင့်၍မရပါ
မိုဘီ ဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

ဒီတစ်ပတ်မှာတော့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ကို ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ဇာတ်ကားအကြောင်းကို တင်ဆက်ထားပါတယ်။
ဒီဇာတ်ကားကို ကနေဒါနိုင်ငံ တိုရန်တို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ပထမဆုံးအကြိမ်အဖြစ် စက်တင်ဘာလ ၁၂ ရက်ကစပြီး ပြသခဲ့ပါတယ်။
ဒီဇာတ်ကားကို ပြင်သစ်က ဒါရိုက်တာ လု ဘက်ဆန်က ရိုက်ကူးပြီး ဒေါ်အောင်ဆန်း စုကြည်အဖြစ် ဟောလီးဝုဒ်မင်းသမီး မစ်ရှဲယိုး၊ မိုက်ကယ် အဲရစ်အဖြစ် ဒေးဗစ် သူးလစ်တို့က အဓိက သရုပ်ဆောင်ခဲ့ကြပါတယ်။ ဇာတ်ညွန်းကိုတော့ ရီဘက်ဘာ ဖရိန်းက ရေးသားခဲ့ပြီး ဇာတ်ဝင်ခန်းအများစုကို ထိုင်းနိုင်ငံမှာ ရိုက်ကူးခဲ့ပါတယ်။
အဓိက သရုပ်ဆောင်များ
မလေးရှားမယ် နဲ့ ဟောင်ကောင် အက်ရှင် မင်းသမီးအဖြစ် လူတွေ စသိတဲ့ မစ်ရှဲယိုးရဲ့ နိုင်ငံတကာ ထင်ရှားတဲ့ ဇာတ်ကားတွေထဲမှာ ဂျိန်းစဘွန်းဇာတ်ကား Tomorrow Never Dies၊ တရုတ်သိုင်းကား ဖြစ်တဲ့ Crouching Tiger Hidden Dragon နဲ့ Memoirs of Geisha တို့ ပါဝင်ပါတယ်။
မင်းသား ဒေးဗစ် သူလစ်ကတော့ ဟယ်ရီ ပေါ်တာ ဇာတ်ကားထဲမှာ ဟယ်ရီပေါ်တာကို မှော်ပညာသင်ပေးတဲ့ ဆရာတစ်ဦးဖြစ်သူ လူပင်အဖြစ် လတ်တလော သရုပ်ဆောင် ထားသူပါ။ Seven Years in Tibet မှာလည်း သူပါဝင်ခဲ့ပါတယ်။
မိုဘီ ဂျီနိုကို ဆက်သွယ်မယ်ဆိုရင်
ဒီကဏ္ဍနဲ့ ပတ် သက်ပြီး သောတရှင်တို့အနေနဲ့ ဝေဖန်အကြုံပြုလိုရင်ဖြစ်ဖြစ်၊ သောတရှင်တို့ရဲ့ အတွေ့အကြုံတွေ၊ ခံစားချက်တွေကို ဝေမျှပြောပြချင် လို့ပဲဖြစ်ဖြစ် ဆက်သွယ် နိုင်ကြပါတယ်။
အီးမေးလ်နဲ့ဆိုရင် burmese@bbc.co.uk ဆီကို ဆက်သွယ်နိုင်သလို စာတိုက်ကဆိုရင်တော့ စာတိုက်သေတ္တာ အမှတ် ၉၉၇ ကမ်းနားလမ်း၊ ရန်ကုန်မြို့ဆီကို ရေးသား ပေးပို့နိုင်ကြပါတယ်။

ဒီရုပ်ရှင်ကြည့်ပြီးသွားရင်လည်း ဝေမျှပြောပြပေးဖို့ ဖိတ်ခေါ်ပါတယ်။ အောက်က ကွက်လပ်မှာ စာရေးထားခဲ့နိုင်ပါတယ်။
BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ
ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။