ဥရောပက အကြီးဆုံးဂီတပွဲတော်
မိုဘီ ဂျီနို အစီအစဉ်တွေ ပြန်နားထောင်မယ်ဆိုရင်
ဒီမီဒီယာကို ဖွင့်၍မရပါ
မိုဘီ ဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။
ဒီတစ်ပတ်အစီအစဉ်မှာတော့ . . .

ကိုကျော်ဝင်းခိုင်
မိုဘီ ဂျီနို ရဲ့ ပရိတ်သတ် ကျောင်းသား လူငယ် တစ်ဦးက သူ့ရဲ့ အတွေ့ အကြုံတွေကို ဝေမျှ ပြောပြမယ်ဆိုလို့ ကိုမိုးမြင့်က ဆက်သွယ် မေးမြန်းထားပါတယ်။
ပြောပြမယ့်သူကတော့ တောင်ကိုးရီးယား နိုင်ငံမှာ စကောလားရှစ် ပညာသင်ဆုနဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေ မဟာဘွဲ့ တက်ခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကပဲ ဘွဲ့ရတဲ့ ကျောင်းသား ကိုကျော်ဝင်းခိုင် ဖြစ်ပါတယ်။
သူဟာ ငယ်ငယ်ကတည်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ကို လေးစား အားကျပြီး သူ့လို ဖြစ်ချင်တယ်လို့ ဆိုပါတယ်။

ကုလ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်
အပြည်ပြည်ဆိုင်ရာ ဥပဒေဘာသာရပ်နဲ့ မဟာဘွဲ့သင်တန်းမှာ ဥရောပက နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC၊ နိုင်ငံတကာ တရားရုံး ICJ စတာ တွေကိုလည်း သွားရောက်လေ့လာရ တယ်လို့ ကိုကျော်ဝင်းခိုင်က ပြောပါတယ်။
သူဘာကြောင့် ဥပဒေ ဘာသာရပ်ကို သင်ယူခဲ့သလဲ၊ ကျောင်းတက်ရတဲ့ အတွေ့အကြုံတွေက ဘယ်လိုနေလဲ၊ ကျောင်းပြီးသွားတော့ ဘာလုပ်မလဲ စတာ စတာ တွေကို ပြောပြ ထားပါတယ်။
မိုဘီ ဂျီနို . . .

မိုဘီ ဂျီနိုကဏ္ဍနဲ့ ပတ် သက်ပြီး ဝေဖန် အကြုံပြုလိုရင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ အတွေ့အကြုံတွေ၊ ခံစားချက်တွေကို ဝေမျှပြောပြချင် လို့ပဲဖြစ်ဖြစ် ဆက်သွယ် နိုင်ကြပါတယ်။
အီးမေးလ်နဲ့ဆိုရင် burmese@bbc.co.uk ဆီကို ဆက်သွယ်နိုင်သလို စာတိုက်ကဆိုရင်တော့ စာတိုက် သတ္တာအမှတ် ၉၉၇ ကမ်းနားလမ်း၊ ရန်ကုန်မြို့ဆီကို ရေးသားပေး ပို့နိုင်ကြပါတယ်။
BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ
ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။