ရန်ကုန်က ဒီဂျေသမားတစ်ဦး
ဥရောပက အကြီးဆုံးဂီတပွဲတော်
မိုဘီ ဂျီနို အစီအစဉ်တွေ ပြန်နားထောင်မယ်ဆိုရင်
ဒီမီဒီယာကို ဖွင့်၍မရပါ
မိုဘီ ဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

ဒီဂျေ ဝိုင်း
ဒီတစ်ပတ် အစီအစဉ်မှာတော့ ရန်ကုန်က Disk Jockey (DJ) တစ်ယောက်ဖြစ်တဲ့ DJ Wine ရဲ့ သီချင်းတွေနဲ့ သူ့ရဲ့ အိပ်မက်တွေ အကြောင်းကို တင်ဆက်ထားပါတယ်။
လတ်တလော DJ Wine ရဲ့ ဂီတ ဖန်တီးမှုတွေ၊ ရန်ကုန်က Night Club တွေမှာ ဒီဂျေတွေရဲ့ ရှင်သန် ရပ်တည်မှု နဲ့ DJ ဝိုင်းရဲ့ အနာဂတ် အိပ်မက်တွေအကြောင်းကို DJ Wine က မိုဘီ ဂျီနို အစီအစဉ်ကို ပြောပြထားပါတယ်။
DJ လောကမှာ House, Trance, Techno, Breaks, Progressive စတဲ့ ဂီတပုံစံတွေ အမျိုးမျိုး ရှိတဲ့နေရာမှာ DJ Wine ကတော့ Trance ကို ပိုနှစ်သက်ပြီး Trance က ခပ်မျောမျော ခံစားမှုရော၊ လူတွေကို ကခုန်ချင်စေတဲ့ ခံစားမှုပါ ပေးနိုင်တယ်လို့ ဆိုပါတယ်။
ဒီဂျေတွေဟာ နိုက်ကလပ်တွေမှာ ကခုန်သူတွေအတွက် ဖျော်ဖြေဖို့ သက်သက်တင်မဟုတ်ပဲ ဂီတတွေကို ဆန်းသစ်ဖန်တီးနိုင်သူတွေ ဂီတထုတ်လုပ်သူတွေလည်း ဖြစ်တယ်လို့ DJ Wine က ပြောပါတယ်။

DJ Wine ခေါ် Double U
မိုဘီ ဂျီနိုကို ဆက်သွယ်ချင်ရင်
မိုဘီ ဂျီနိုကဏ္ဍနဲ့ ပတ် သက်ပြီး ဝေဖန်အကြုံပြု လိုရင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ အတွေ့အကြုံတွေ၊ ခံစားချက်တွေကို ဝေမျှပြောပြချင် လို့ပဲဖြစ်ဖြစ် ဆက်သွယ်နိုင်ကြပါတယ်။
အီးမေးလ်နဲ့ဆိုရင် burmese@bbc.co.uk ဆီကို ဆက်သွယ် နိုင်သလို စာတိုက်က ဆိုရင်တော့ စာတိုက် သေတ္တာ အမှတ် ၉၉၇ ကမ်းနားလမ်း၊ ရန်ကုန်မြို့ဆီကို ရေးသားပေးပို့နိုင်ကြပါတယ်။ နောက်ပြီး အောက်က ကွက်လပ်တွေမှာ ဖြည့်ပြီးလည်း ကိုယ့်ရဲ့အမြင်တွေကို ဝေမျှနိုင်ကြပါတယ်။
နှိပ်ပါ DJ Wine ရဲ့ သီချင်းတချို့ကို ဒီနေရာမှာ Download ယူလို့ ရပါတယ်။
BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ
ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။