Blatter ကို ဖီဖာ ရာထူးက ယာယီ ချခိုင်း

ဓာတ်ပုံ ရင်းမြစ်, AFP
ဖီဖာ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ Sepp Blatter ကို ဖီဖာ ရဲ့ စည်းကမ်းထိမ်းသိမ်းရေး ကော်မတီ က စုံစမ်းစစ်ဆေးရေး ဝင်ပြီးနောက် ရာထူးက ရက် ၉ဝ ယာယီ ချ ထားဖို့ ညွှန်ကြား လိုက်ပါတယ်။
ဒါပေမဲ့ Blatter ရဲ့ ရှေ့နေတွေကတော့ ဘောလုံး အဖွဲ့ချုပ် စည်းကမ်းထိမ်းသိမ်းရေး ကော်မတီ က ဘာမှ အကြောင်းကြား လာတာ မရှိသေးဘူးလို့ ပြောပါတယ်။
မစ္စတာ Blatter ကို ဆွစ်ဇာလန် အစိုးရ ရှေ့နေချုပ် ရုံးက ရာဇဝတ် ကြောင်း အရ အမှု ဖွင့်လိုက်ပြီလည်း ဖြစ်ပါတယ်။
ဘောလုံး အဖွဲ့ချုပ် အတွက် မသင့်တော်တဲ့ ကန်ထရိုက် စာချုပ် တခု လက်မှတ် ထိုးခဲ့မှု နဲ့ မစ္စတာ Blatter ကို စွဲဆို ထား သလို ဥရောပ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ Michel Platini ကို ဒေါ်လာ ၂ သန်း ပေးတယ်လို့လည်း စွပ်စွဲ ပါတယ်။




