FIFA ဥက္ကဌ အပေါ် ရာဇဝတ်မှုစွဲချက် တင်နိုင်ဖို့ စတင်စုံစမ်း

ဓာတ်ပုံ ရင်းမြစ်, AFP
ကမ္ဘာ့ ဘော်လုံး အဖွဲ့ချုပ် FIFA ရဲ့ ဥက္ကဌ ဖြစ်တဲ့ Sepp Blatter အပေါ် ရာဇ၀တ်မှု ပုဒ်မတွေ တပ် တရားစွဲ နိုင်ဖို့ ဆွစ်ဇာလန် အာဏာပိုင် တွေ စတင် ဆောင်ရွက် နေကြ ပါတယ်။
မစ္စတာ ဘလတ်တာဟာ ရာဇဝတ်မှု မြောက်စေနိုင် တဲ့ မလျော်ညီတဲ့ စီမံခန့်ခွဲမှု အမှားမျိုးတွေ ကျူးလွန် ခဲ့သလား ဆိုတာကို စုံစမ်း စစ်ဆေး နေကြတာ ဖြစ်ပါတယ်။
ရုပ်မြင်သံကြား မူပိုင်ခွင့် ပေးတဲ့ ကိစ္စမျိုး တွေမှာ မစ္စတာ ဘလတ်တာ အနေနဲ့ အမှားအယွင်း တွေ ကျူးလွန်ခဲ့တယ် ဆိုပြီး သံသယ ရှိနေ ကြတာပါ။
ဒါ့အပြင် ဥရောပ ဘော်လုံး အဖွဲ့ချုပ် ရဲ့ ဥက္ကဌ ဖြစ်သူ Michel Platini ကို မစ္စတာ ဘလတ်တာ က ဒေါ်လာ ၂ သန်း ပေးခဲ့တာ ကိုလည်း စစ်ဆေး နေကြပါတယ်။
ဇူးရစ်မြို့မှာ ရှိတဲ့ FIFA ရုံးချုပ်ကို ဆွစ် အာဏာပိုင် တွေ ဝင်ရောက် ရှာဖွေ ခဲ့ကြပြီး မစ္စတာ ဘလတ်တာ ကိုလည်း စစ်ဆေး မေးမြန်း ခဲ့တယ် လို့ ဆွစ်ဇာလန် နိုင်ငံရဲ့ ရှေ့နေချုပ်ရုံး က ပြောပါတယ်။
မစ္စတာ ဘလတ်တာ ကတော့ သူ့ အနေနဲ့ ဘယ်လို အမှားအယွင်း မျိုးမှ မကျူးလွန် ခဲ့ဘူး လို့ ငြင်းဆို ခဲ့ပါတယ်။
မစ္စတာ ပလာတီးနီး ကလည်း သူ နဲ့ FIFA အကြား စာချုပ် ချုပ်ဆို လုပ်ကိုင် ပေးခဲ့တာ တွေ အတွက် အခ ကြေးငွေ ရရှိ ခဲ့တာ ဖြစ်တယ် လို့ ဆိုပါတယ်။





