ဖီဖာ အရာရှိတွေကို လွှဲပေးဖို့ ဆွစ်ကို ကန် တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, Reuters
ပြီးခဲ့တဲ့ မေလက ဇူးရစ်ချ် မြို့မှာ ဖမ်းဆီးခဲ့တဲ့ ဖီဖာ ထိပ်တန်း အရာရှိ ၇ ယောက်ကို လွှဲပေးဖို့ အမေရိကန်က ဆွစ်ဇာလန်ကို တောင်းဆို လိုက်တယ်လို့ ဆွစ် အာဏာပိုင်တွေက ပြောပါတယ်။
အဲဒီ ၇ ယောက်ဟာ ဖီဖာ အဖွဲ့ချုပ်အတွင်း နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ အကျင့်ပျက် ခြစားမှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်က စွဲချက်တင်ထားတဲ့ ဖီဖာ အရာရှိ ၁၄ ဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။
အမေရိကန် ပြည်တွင်း ထောက်လှမ်းရေး အဖွဲ့ FBI ရဲ့ ၃ နှစ်ကြာ စုံစမ်း ထောက်လှမ်းမှုတွေ အပြီးမှာ အဲဒီလို စွဲဆိုမှုတွေ ပေါ်ပေါက် လာခဲ့တာပါ။
ဆွစ်ဇာလန်က ဖမ်းဆီးခဲ့တဲ့ အဲဒီ ၇ ယောက်ကို အမေရိကန်ကို လွှဲပေး မပေး ဆုံးဖြတ်ဖို့ ဇူးရစ်မြို့ ရဲတပ်ဖွဲ့က ကြားနာ စစ်ဆေးမှုတွေ လုပ်ဆောင် ပေးသွားမယ်လို့ ဆိုပါတယ်။
အဲဒီ ၇ ယောက်ထဲမှာ ဖီဖာ ဒုဥက္ကဋ္ဌ Jeffrey Webb လည်း အပါအဝင် ဖြစ်ပါတယ်။




