ဘလတ္တာ ရာထူးက ချက်ချင်းထွက်မည်မဟုတ်

ဓာတ်ပုံ ရင်းမြစ်, Getty
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဌဆပ်ဘလတ္တာက သူ့အနေနဲ့ ၂၀၁၆ဖေဖော်ဝါရီမတိုင်မီရာထူးကနူတ်ထွက်မှာမဟုတ်ဘူးလို့ပြောပါတယ်။
ဖီဖာကိုအဓိကပံ့ပိုးကူညီနေတဲ့ကုပမ္မဏီ တွေဖြစ်ကြတဲ့ ကိုကာကိုလာ၊မက်ဒေါ်နယ်လ်၊ဗီဇာနဲ့ ဘဒ်ဝိုက်ဇာကုမ္မကြီးတွေကတော့သူ့ကိုရာထူးကချက်ချင်းနူတ်ထွက် ပေးဖို တောင်း ဆိုနေကြပါ တယ်။ခရက်ဒစ်ကဒ်ကုမ္မကြီးတစ်ခုဖြစ်တဲ့ဗီဇာက ခေါင်းဆောင်ဟောင်းတွေရဲ့ဦးဆောင်မှုအောက်မှာ ဖီဖာ fifaအနေနဲ့ ထူးခြားတဲ့ပြောင်းလဲမှုမျိုးဖြစ်မလာဘူးလို့ဆိုပါတယ်။
ဆွစ်ဇာလန်နိုင်ငံကတာဝန်ရှိသူတွေကတော့ မစ္စတာဘလတ္တာကိုလာဘ်စားမှုအတွက်စုံစမ်း မေးမြန်းလျှက်ရှိပါတယ်။ ဘလတ္တာဘက်ကတော့ သူ့အနေနဲ့ဘာမှအမှားအယွင်းလုပ်ထား တာ မရှိဘူးလို့ ပြောနေပါတယ်။သူ့အနေနဲ့ရာထူးကချက်ချင်းနူတ်ထွက်လိုက်ရင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ပြောင်းလဲရေးလုပ်ငန်းတွေ ထိခိုက်မယ်လို့ပြောနေပါတယ်။
၁၉၉၈ခုနှစ်ကတည်းကဖီဖာဥက္ကဌတာဝန်ယူခဲ့သူပြီဖြစ်ပြီး ယခုနှစ်ဇွန်လကကျင်းပခဲ့တဲ့ဖီဖာကွန်ဂရက်က ၅ကြိမ်မြောက်ဖီဖာဥက္ကဌအဖြစ်သူ့ကိုထပ်မံရွေးချယ်ထားပါတယ်။




