မက္ကဆီကို မူးယစ်ရာဇာ ထောက်ဖောက်ပြေး

ဓာတ်ပုံ ရင်းမြစ်, AP
မက္ကဆီကို နိုင်ငံ ရဲ့ လုံခြုံရေး တင်းကြပ် လှတဲ့ အကျဉ်းထောင် ထဲ ကနေ ကမ္ဘာ့ ထိပ်သီး မူးယစ် ရာဇာ တစ်ဦး ထွက်ပြေး လွတ် မြောက် သွားခဲ့ ပြီး တဲ့ နောက် အခု တော့ သမ္မတ အဲန်နရီကေး ပဲန်ညာ ညေးတိုး Enrique Pena Nieto က မက္ကဆီကို လုံခြုံရေး တပ်ဖွဲ့ ဝင် တွေ ဟာ အဲဒီ့ လူ ကို ပြန် ဖမ်း မိ နိုင် မယ် လို့ ယုံကြည် ကြောင်း ပြော လာ ပါတယ်။
မူးယစ် ရာဇာ ဝါကင်း ဂတ်ဇ်မဲန် Joaquin Guzman ဘယ် လို လွတ် မြောက် သွား သလဲ ဆိုတာ ကိုလည်း အသေးစိတ် စုံစမ်း မှု တွေ ပြုလုပ် ရမယ် ဆိုပြီး တော့လည်း မစ္စတာ ပဲန်ညာ ညေးတိုး က ညွှန်ကြား ခဲ့ ပါတယ်။
ဝါကင်း ဂတ်ဇ်မဲန် ဟာ သူ့ ထောင် အခန်း အနီး ရေချိုးဆောင် အောက် ကနေ ဖောက် ထားတာ တွေ့ ရတဲ့ တစ်မိုင် ကျော် ရှည် လျား တဲ့ လှိုဏ်ခေါင်း ကနေ တဆင့် လွတ် သွား လို့ ယူဆ ထား ကြ ပါတယ်။
အဲဒီ့ လှိုဏ်ခေါင်း ထဲ မှာ မီး တွေ၊ လေဝင်လေထွက် စံနစ် တွေ၊ လှေခါးတွေ ပါ တပ်ဆင် ထား တာ တွေ့ ရတယ် ဆိုပြီး မက္ကဆီကို လုံခြုံရေး အာဏာပိုင် တွေ က ပြောပါတယ်။
ဂတ်ဇ်မဲန် ဟာ အင်မတန် ဩဇာကြီး တဲ့ ဆီနာလိုအာ Sinaloa မူးယစ် အုပ်စု ရဲ့ ခေါင်းဆောင် ဖြစ် ပါတယ်။
အရင် ၁၀ နှစ် ကျော် ကလည်း ထောင် ဖောက် ပြီး ထွက် ပြေး သွား ခဲ့ တာ ကနေ ပြီး ခဲ့တဲ့ နှစ် ဖေဖေါ်ဝါရီ တုန်း ကမှ ပြန် လည် ဖမ်းဆီး မိ ထားတာ ဖြစ် ပါတယ်။




