မက်ဆီကို ပျောက်ဆုံးကျောင်းသား တစ်ဦးရဲ့ DNA တွေ့ရှိခဲ့

mexico_crisi

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကျောင်းသားတွေ ပျောက်ဆုံးနေမှု ကနေ မက်ဆီကို ဒေသခံရဲတွေဟာ မူးယစ် ဂိုဏ်းတွေ နဲ့ အဆက်အသွယ် ရှိနေတယ် ဆိုတဲ့ စွပ်ဆွဲ မှုတွေ ထွက်ပေါ် လာခဲ့ပါတယ်။

မက်ဆီကိုနိုင်ငံ ဂယ်ရဲရိုး ပြည်နယ် ကိုကူလာ မြို့က အမှိုက်ပုံမှာ တွေရှိ ခဲ့ရတဲ့ မီးကျွမ်းလောင် ထားတဲ့ လူ့ အရိုး အစိတ်အပိုင်း ကနေ DNA စမ်းစစ် ချက်အရ သေဆုံးသူ ဘယ်သူ ဘယ်ဝါ ဆိုတာ ဖော်ထုတ် လိုက်နိုင်ပါတယ်။ Alexander Mora ဆိုသူ ရဲ့ DNA နဲ့ ကိုက်ညီမှု ရှိတယ် လို့ မက်ဆီကို အာဏာပိုင် တွေက ဆိုပါတယ်။

Alexander Mora ဟာ ပျောက်ဆုံး နေခဲ့တဲ့ ကျောင်းသား ၄၃ ဦးထဲက တစ်ဦး ဖြစ်ပါတယ်။ အဲဒီ့ ကျောင်းသား ၄၃ဦးဟာ ဒေသခံ ရဲတွေရဲ့ ဖမ်းဆီးမှု ခံရပြီးနောက် ပျောက်ဆုံး နေခဲ့တာမှာ၊ ရဲတွေက အဲဒီ့ ကျောင်းသားတွေ ကို မူးယစ်ဂိုဏ်း လက်ထဲ အပ်ခဲ့တယ် ဆိုပြီး သတင်းတွေ ထွက်ပေါ် နေခဲ့တာပါ။

အစောပိုင်း တုန်းက ဖမ်းဆီး ထားခဲ့တဲ့ မူးယစ်ဂိုဏ်းဝင် တွေရဲ့ ထွက်ဆိုချက် အရ ကျောင်းသားတွေ ကို မူးယစ်ဂိုင်းဝင် လူဆိုးတွေက မီးရှို့ သတ်ခဲ့တယ် လို့ ဆိုခဲ့ပေမယ့် အတည် ပြုလို့ မရ ဖြစ်နေ တာကနေ၊ အခုလို ပထမဆုံး DNA ကိုက်ညီမှု စတင် တွေ့ရှိ လာတာ ဖြစ်ပါတယ်။