မက်ဆီကိုက ပျောက်ဆုံး ကျောင်းသားတွေကို မီးရှို့သတ်ခဲ့ကြောင်း လူဆိုးဂိုဏ်းဝင်တွေ ဝန်ခံ

ဓာတ်ပုံ ရင်းမြစ်, AFP
မက်ဆီကို နိုင်ငံမှာ လွန်ခဲ့တဲ့ ၁ လခွဲက ပျောက်ဆုံး သွားခဲ့တဲ့ ကျောင်းသား ၄၃ ယောက် ကို သတ်ဖြတ်ခဲ့တယ် ဆိုပြီး လူဆိုး ဂိုဏ်းဝင် ၃ ဦးက ဝန်ခံလိုက်ပြီ လို့ မက်ဆီကို ရဲ့ ရှေ့နေချူပ် က ပြောပါတယ်။
သေဆုံး ခဲ့ကြရတဲ့ ကျောင်းသားလေး တွေဟာ အီဂွဲလား မြို့မှာ ဆန္ဒပြခဲ့ ကြသူတွေ ဖြစ်ပါတယ်။
သူတို့ကို ရဲတွေက ဖမ်းဆီးပြီး Guerreros Unidos ဆိုတဲ့ မူးယစ် လူဆိုးဂိုဏ်း ရဲ့ လက်ထဲ အပ်ခဲ့တယ် လို့ အခု ဖမ်းဆီး ရမိသူတွေက ထွက်ဆိုပါတယ်။
အဲဒီ လူဆိုးဂိုဏ်းက ကျောင်းသားတွေကို မီးရှို့ သတ်ဖြတ်ခဲ့တယ် လို့လည်း ပြောခဲ့ပါတယ်။




