ရမာဒီကို ထိန်းချုပ်နိုင်ဖို့ တိုက်ပွဲတွေ ဖြစ်နေ

ဓာတ်ပုံ ရင်းမြစ်, Reuters
အီရတ် နိုင်ငံ အဲန်ဘာ ပြည်နယ် ရဲ့ မြို့တော် ရမားဒီ ကို ထိန်းချုပ် နိုင်ဖို့ တိုက်ပွဲ တွေ ဖြစ်ပေါ် နေပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့ က အစ္စလာမ်မစ် လက်နက် ကိုင် တွေ သိမ်းပိုက်ခဲ့တဲ့ ရွာ ၃ ရွာ ကို အမေရိကန် ဦးဆောင် တဲ့ မဟာမိတ် အဖွဲ့ က လေကြောင်း တိုက် ခိုက်မှု တွေ လုပ်ခဲ့ ပါတယ်။
ရမားဒီ မြို့ ပေါ် အီရတ် အစိုး ရ တပ်တွေ လည်း ထိုးစစ်ဆင် လာတဲ့ IS တပ် တွေ ကို ပြန်လည် တိုက်ခိုက် နေရတယ် ဆိုတဲ့ သတင်း တွေ ထွက် ပေါ် နေပါတယ်။
တိုက်ပွဲ တွေ ပြင်း ထန် လာတဲ့ အတွက် ရမားဒီ မြို့ က ထွက်ပြေး လာသူ တွေ သောင်းနဲ့ချီ ရှိနေပြီ ဖြစ်ပါတယ်။
ဆွန်နီ မွတ်ဆလင်မ် တွေ အများစု နေထိုင် ရာ အဲန်ဘာ ဒေသ ကို ရှီအာ လွှမ်းမိုး တဲ့ အီရတ် အစိုးရ က လစ်လျူရှု့ ပစ်ပယ် ထားတယ် ဆိုပြီး ဒေသခံ အုပ်ချုပ်ရေး ကောင်စီ ဝင် နိုင်ငံရေး သမား ဖာဟန်း မိုဟာမက်ဒ် က စွပ်စွဲ ပစ်တင် ခဲ့ပါတယ်။




