ယီမင်မှာ ပြည်တွင်းစစ် တာရှည်မယ့် အန္တရာယ်ကြုံနေရ

ဓာတ်ပုံ ရင်းမြစ်, Reuters
ယီမင် နိုင်ငံ ဟာ ဆီးရီယား၊ အီရတ် နဲ့ လစ်ဗျား နိုင်ငံ တွေ လို၊ ပြည်တွင်း စစ် ပဋိပက္ခ ကြာရှည်စွာ ဖြစ်ပေါ် လာတော့မယ့် အန္တရာယ် တွင်းထဲ ကို ကျရောက် သွား နိုင်တယ် ဆိုပြီး ယီမင် နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ သံ တမန် ဖြစ်တဲ့ Jamal Benomar က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေး မှာ ပြောလိုက် ပါတယ်။
တင်းအားတွေ မြင့်တက် နေတဲ့ အခုလို အချိန်မှာ အဖွဲ့ အားလုံးက အစွမ်းကုန် ကိုယ့်ရဲ့ လုပ်ရပ်တွေ ကို ထိန်းချုပ် ကြပြီး၊ နိုင်ငံရေး ရည်မှန်းချက် အောင်မြင်ဖို့ အကြမ်းဖက် တဲ့ နည်းလမ်းတွေ ကို ရှောင်ကြည် ရပါမယ် ဆိုပြီး Jamal Benomar က ယီမင်နိုင်ငံ က အုပ်စု အသီးသီး ကို လည်း တိုက်တွန်းပါတယ်။
ယီမင် သမ္မတ အဖြစ်ကနေ ဖြုတ်ချ ခံလိုက်ရတဲ့ Abd Rabbuh Mansour Hadi မှာ အာဏာ ပြန်လည် ရယူဖို့ လုံလောက်တဲ့ အင်အား မစုစည်း နိုင်လောက်ဘူး ဆိုပြီး တော့လည်း မစ္စတာ Benomar က ပြောပါတယ်။
အစောပိုင်း တုန်းကပဲ ယီမင်နိုင်ငံ ရဲ့ တတိယ အကြီးဆုံး မြို့ ဖြစ်တဲ့ တိုင်အိဇ် ကို ရှီအာ လက်နက်ကိုင် ဟူသီစ် သူပုန်တွေ က ထိန်းချုပ် လိုက်ကြ ပါတယ်။
ဟူသီစ် သူပုန် တွေ ကတော့ သူတို့ဟာ ဆွန်နီ အစ္စလာမ်မစ် အယ်လ်ကိုင်းဒါး အဖွဲ့နဲ့ IS အဖွဲ့ တွေကို တိုက်ခိုက် နေသူ တွေ ဖြစ်တယ် ဆိုပြီး ပြောနေပါတယ်။




