ယီမင်တောင်ပိုင်း al-Houta မြို့ကို အစ္စလာမ်မစ်တွေ သိမ်း

ဓာတ်ပုံ ရင်းမြစ်, bbc
ယီမင် နိုင်ငံ တောင်ပိုင်း က al-Houta မြို့ ကို အယ်လ်ကိုင်းဒါး အဖွဲ့ အပေါ် သစ္စာခံတဲ့ လက်နက်ကိုင် တွေ က သိမ်းပိုက် လိုက် တယ် လို့ သတင်း တွေ ထွက် လာပါတယ်။
ယီမင် ရဲ့ ဆိပ်ကမ်း မြို့တော် အေဒင် ရဲ့ မြောက်ဘက် နားမှာ တည်ရှိ တဲ့ အဆိုပါ al-Houta မြို့တော် ထဲ ကို လက်နက်ကိုင် တွေ ဟာ အလံနက် တွေ လွှင့်ထူ ထားတဲ့ ပစ်ကပ် ကားတွေ နဲ့ တဟုန်ထိုး ဝင်ရောက် လာခဲ့ ကြတယ် ဆိုပြီး ဒေသခံ သတင်း ရင်းမြစ် တွေ က ပြောပါတယ်။
အစိုးရ စစ်သား တွေ ရဲ့ ဘားတိုက်တွေ၊ အစိုးရ ရုံး အဆောက်အဦ တွေ ကို အဲဒီ့ လက်နက်ကိုင် တွေ က သိမ်းပိုက် လိုက်ကြပြီး၊ ခုခံခဲ့သူ တွေ အသတ်အဖြတ် ခံခဲ့ရတယ် လို့လည်း သတင်း တွေ က ဆိုပါတယ်။
ယီမင် နိုင်ငံ တောင်ပိုင်း မှာ အယ်လ်ကိုင်ဒါ အဖွဲ့ နဲ့ အဆက်အစပ် ရှိသူတွေ ခိုင်ခိုင်မာမာ လှုပ်ရှား နေခဲ့တာ နှစ် အတန် ကြာပြီ ဖြစ်ပါတယ်။
အစောပိုင်း တုန်း ကလည်း၊ ယီမင် နိုင်ငံ မြို့တော် ဆားနား မှာ အသေခံ ဗုန်းခွဲ တိုက်ခိုက် မှု တွေ ကြောင့် လူပေါင်း ၁၃၀ ကျော် သေဆုံး သွားပါတယ်။
မြို့တော် ဆားနား ကို ပြီးခဲ့တဲ့ နှစ် ကတည်း က ထိန်းချုပ် ထား ခဲ့တဲ့ ရှီအာ မွတ်ဆလင်မ် ဟူသီစ် သူပုန် တွေ ကို ထောက်ခံတဲ့ ပလီ ဝတ်ကျောင်း ၂ ခုမှာ သောကြာနေ့ စုပေါင်း ဝတ်ပြု နေတုန်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဆွန်နီ အစ္စလာမ်မစ် လက်နက်ကိုင် IS တွေ က ဒီ တိုက်ခိုက် မှု တွေ ကို သူတို့ ပြုလုပ် ခဲ့တာ ဆိုပြီး ပြောထားပါတယ်။




