ယီမင် အသေခံ ဗုံးခွဲမှု ၁၀၀ ကျော် သေဆုံး

ဓာတ်ပုံ ရင်းမြစ်, AP
ယီမင် နိုင်ငံ၊ ဆာနာ မြို့တော်မှာ ဗလီ ၂ ခုကို ဆက်တိုက် အသေခံ ဗုံးခွဲ တိုက်ခိုက် ခဲ့လို့ အနည်းဆုံး လူ ၁၂၆ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာ ရသွားတယ်လို့ ဆေးအဖွဲ့တွေက ပြောပါတယ်။
သောကြာနေ့ ဝတ်ပြု ဆုတောင်းချိန် အသေခံ ဗုံးခွဲသူ အနည်းဆုံး ၃ ဦးက ဗလီ ၂ခုမှာ လူအုပ်ထဲ ဗုံးခွဲ တိုက်ခိုက် ခဲ့တာပါ။
ရုပ်သံ သတင်းတွေ အရ ဗလီတွေရဲ့ အပြင်ဘက်မှာ သွေးအိုင်တွေထဲ လဲကျ သေဆုံးနေတဲ့ အလောင်းတွေကို မြင်ရပါတယ်။
အတိုက်ခံရတဲ့ အဲဒီ ဗလီ ၂ ခုဟာ ဆာနာ မြို့တော်ကို ထိန်းချုပ်ထားတဲ့ Houthi ခေါ် ရှီးယား သူပုန် အဖွဲ့ကို ထောက်ခံသူတွေ လာရောက်လေ့ ရှိတဲ့ ဗလီတွေ ဖြစ်ပါတယ်။
ယီမင် နိုင်ငံမှာ အယ်လ်ကိုင်ဒါ အဖွဲ့ စစ်သွေးကြွတွေ အပါအဝင် လက်နက်ကိုင် အဖွဲ့ မျိုးစုံနဲ့ ဟွတ်သီ သူပုန်တွေကြား ပြင်းထန်တဲ့ တင်းမာမှုတွေ ရှိနေတာ ဖြစ်ပါတယ်။




