ယီမင်အရေး နိုင်ငံတကာ ကူညီဖို့ အာရပ်နိုင်ငံတွေ တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, epa
ယီမင်နိုင်ငံ မှာ ရှီအာ မွတ်ဆလင်မ် ဟူသီ သူပုန်တွေ ဟာ သူတို့ အနေနဲ့ အစိုးရ နေရာကို ရယူ လိုက်ပြီး ပါလီမန်ကို လည်း ဖျက်သိမ်း လိုက်ပြီ လို့ ကြေညာ လိုက် တဲ့ နောက် ယီမင်ရဲ့ နိုင်ငံရေး ပြဿနာ ကို နိုင်ငံတကာ အနေနဲ့ ပြင်းပြင်း ထန်ထန် တုန့်ပြန် အရေးယူ ဆောင်ရွက် ပေးပါ လို့ တခြား ပင်လယ်ကွေ့ အာရပ် နိုင်ငံ တွေက တောင်းဆို လာ ပါတယ်။
ယီမင် သမ္မတ ဦးဆောင်တဲ့ အစိုးရ အဖွဲ့ နေရာ မှာ ကြားဖြတ် အုပ်ချူပ်ရေး ကောင်စီ နဲ့ အစားထိုး လိုက်ကြောင်း လည်း ဟူသီ သူပုန်တွေ က ပြောပါတယ်။
ယီမင် နိုင်ငံရေး အကြပ်အတည်း နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ရဲ့ ကြားဝင် စေ့စပ်ပေး နေ မှု ကျိုးပျက် ခဲ့ရတဲ့ နောက်ပိုင်း ဟူသီစ် အဖွဲ့က အခုလို ကြေညာ ခဲ့တာ ဖြစ်ပါတယ်။
ဟူသီ သူပုန်တွေ ဟာ ယီမင် မြို့တော် ဆားနား ကို ပိုပြီး ထိန်းချူပ် လာခဲ့တဲ့နောက် ပြီးခဲ့တဲ့ လတုန်းက သမ္မတ မန်ဆူး အက်ဘ်ဒရာဘူ ဟာဒီနဲ့ အစိုးရ အဖွဲ့ နှုတ်ထွက် ခဲ့ပြီး ဖြစ်ပါတယ်။
ဟူသီ သူပုန်တွေ ရဲ့ ကြေညာချက် ကို အာဏာသိမ်း မှုတစ်ရပ် အဖြစ် ပြိုင်ဘက် နိုင်ငံရေး အုပ်စုတွေ က ရှုတ်ချ နေကြပါတယ်။
ယီမင်နိုင်ငံ ရဲ့ လက်ရှိ အခြေအနေ ပေါ် အလွန် စိုးရိမ်ကြောင်း ကုလသမဂ္ဂ နဲ့ အမေရိကန် တို့ က ဆိုပါတယ်။




