ယီမင် သမ္မတနဲ့ အစိုးရအဖွဲ့ နှုတ်ထွက်စာ တင်

ဓာတ်ပုံ ရင်းမြစ်,
ယီမင် နိုင်ငံ မြို့တော် ဆားနား ကို ရှီအာ သူပုန် ဟူသီ တွေ က ပိုမို ထိန်းချုပ် လာပြီး အစိုးရ တပ်တွေ နဲ့ အကြမ်းဖက် ရင်ဆိုင် မှုတွေ ဖြစ်ပေါ် နေဆဲ အခြေအနေ မှာပဲ လက်ရှိ သမ္မတ အဘက်ဒရာဘူ မန်ဆူ ဟာဒီ နဲ့ သူ့ရဲ့ အစိုးရ အဖွဲ့ ဟာ နှုတ်ထွက် မယ် ဆိုပြီး ပါလီမန် ကို တရားဝင် စာပို့ အကြောင်းကြား လိုက်ပါတယ်။
ထွက်ပေါ် လာနေတဲ့ သတင်းတွေ အရ ပါလီမန် ဟာ အဲဒီ နှုတ်ထွက်လွှာ ကို လက်မခံ ပဲ အရေးပေါ် အစည်းအဝေး ခေါ်ယူ လိုက်တယ် လို့ ဆိုပါတယ်။
အခုလို အစိုးရ အဖွဲ့ရဲ့ နှုတ်ထွက်လွှာ ထွက်ပေါ် လာခဲ့ပေမယ့် သူပုန်တွေ ဟာ မူလက သဘောတူ ထားသလို မစ္စတာ ဟာဒီ ရဲ့ နေအိမ် နဲ့ သမ္မတ နန်းတော် အနီး ဝိုင်းရံထား တာ ကနေ ဆုတ်ခွာ မသွားသေးပဲ ဆက်လက် ရှိနေဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် သူတို့ ဖမ်းဆီး ထားတဲ့ သမ္မတ ထိပ်တန်း အကြံပေး ကိုလည်း ပြန်လွှတ် ပေးခဲ့ခြင်း မရှိပါဘူး။




