ယီမင် အနာဂတ်အရေး အဆုံးဖြတ်ပေးရမယ့် အခြေအနေလို့ သူပုန်ခေါင်းဆောင် ပြော

ဓာတ်ပုံ ရင်းမြစ်,
ယီမင်နိုင်ငံ က ရှီအာ မွတ်ဆလင် သူပုန် အုပ်စု ဖြစ်တဲ့ ဟူသီစ် အဖွဲ့က တိုင်းပြည် ရဲ့ အခြေ အနေဟာ စိုးရိမ်ဖွယ် အခြေ အနေ ကို ရောက်နေပြီး အနာဂတ် ရေး အတွက် အဆုံးအဖြတ် ကာလ လည်း ဖြစ်တယ် လို့ ပြောလိုက် ပါတယ်။
ယီမင် သမ္မတ Abdrabbuh Mansour Hadi အပါအဝင် အစိုးရ ခေါင်းဆောင် တွေဟာ သူတို့ရဲ့ ကိုယ်ကျိုး စီးပွားကို တိုင်းသူ ပြည်သားတွေ အရေးထက် ပို အလေးထား ခဲ့တာ ဖြစ်တယ် ဆိုပြီး သူပုန် အဖွဲ့ရဲ့ ခေါင်းဆောင် Abdel Malek al-Houthi က ရုပ်မြင်သံကြား ကနေ ပြောတဲ့ မိန့်ခွန်း ထဲ ထည့်သွင်း ပြောဆို ခဲ့ပါတယ်။
ဟူသီ တပ်ဖွဲ့ဝင်တွေ ဟာ ယီမင် မြို့တော် ဆားနား မှာ ရှိတဲ့ သမ္မတ အိမ်တော် ကို လက်နက်ကြီးတွေ နဲ့ ပစ်ခတ်ကာ ဝင်ရောက် ထိန်းချုပ် ခဲ့ပြီး နာရီ အနည်းငယ် အကြာ မှာ မစ္စတာ ဟူသီ က အခုလို ပြောဆို လာတာ ဖြစ်ပါ တယ်။
ကုလ သမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း က ယီမင် မှာ ရှိတဲ့ လက်နက်ကိုင် အဖွဲ့တွေ အားလုံး တိုက်ခိုက် နေကြတာ ရပ်တန့် လိုက်ဖို့ တောင်းဆို လိုက်ပြီး ယီမင် အရေးနဲ့ ပတ်သက် လို့ ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ ဟာ တံခါးပိတ် ဆွေးနွေး နေကြ ပါတယ်။




