အမေရိကန် ကွန်ဂရက်စ်မှာ မိန့်ခွန်းပြောဖို့ အစ္စရေးဝန်ကြီးချုပ် ထွက်လာနေပြီ

ဓာတ်ပုံ ရင်းမြစ်, AFP
အီရန် နိုင်ငံ ရဲ့ နျူကလီယာ ရည်မှန်းချက် နဲ့ ပတ်သက်ပြီး သဘောတူမှု တစ်ရပ် ရရှိ လာအောင် ဆောင်ရွက် နေတာ ဟာ အန္တရာယ်ကြီး ကြောင်း အမေရိကန် ကွန် ဂရက်စ် လွှတ်တော် မှာ ပြောကြားဖို့ အစ္စရေး ဝန်ကြီးချုပ် ဘဲန်ဂျမင် နာတန်ယာဟု အမေရိကန် ပြည်ထောင်စု ကို သွားရောက် နေပြီ ဖြစ်ပါတယ်။
အစ္စရေး ဝန်ကြီးချုပ် ကို အခုလို ကွန်ဂရက်စ် မှာ လာရောက် မိန့်ခွန်း ပြောဖို့ အတိုက်အခံ ရီပတ်ဘလေကဲန် တွေ က သမ္မတ အိုဘားမား ကို အသိမပေး ပဲ ဖိတ်ကြား ခဲ့တဲ့ အတွက် အစ္စရေး နဲ့ အမေရိကန် အစိုးရ အကြား ဆက်ဆံရေး ထိခိုက် စေခဲ့ ပါတယ်။
အီရန် နဲ့ ဆွေးနွေး နေတဲ့ အမေရိကန် အစိုးရ ရဲ့ လုပ်ရပ် အပေါ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ကယ်ရီ က ကာကွယ် ပြောဆို ခဲ့ပါတယ်။
ဒါ့အပြင် ဝန်ကြီးချုပ် နာတန်ယာဟု အမေရိကန် ကွန်ဂရက်စ် လွှတ်တော် မှာ ပြောကြားမယ့် မိန့်ခွန်း ဟာ နိုင်ငံရေး ကစားပွဲ တစ်ရပ် ဖြစ်မလာ ဖို့ မျှော်လင့် ပါတယ် ဆိုပြီး တော့လည်း ဝန်ကြီး ဂျွန် ကယ်ရီ က ပြောပါတယ်။
တနင်္လာနေ့ မှာ မစ္စတာ ကယ်ရီ ဟာ အီရန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဂျနီဗာ မြို့ မှာ တွေ့ဆုံ ဖို့ ရှိပါတယ်။




