အီရန်နျူကလီယာ အရေးကို အပြုသဘော ရှု့မြင်နေ

ဓာတ်ပုံ ရင်းမြစ်, Reuters
အီရန် ရဲ့ နျူကလီယာ အစီစဉ် နဲ့ ပတ်သက်ပြီး ဆွေးနွေး ခဲ့ကြတဲ့ လတ်တလော စကားဝိုင်းတွေ ကနေ နောက်ဆုံး သတ်မှတ်ချိန် အမှီ သဘော တူညီချက် တစုံတရာ မရရှိ နိုင်ခဲ့ကြ ပေမယ့်၊ ပြီးပြည့်စုံ တဲ့ သဘောတူမှု တစ်ရပ် ရရှိလာဖို့ ဖြစ်နိုင်ဆဲ အခြေအနေ မှာ ရှိတုန်းပဲ ဆိုပြီး အမေရိကန် ရော အီရန်ကပါ ပြောခဲ့ပါတယ်။
နှစ်ဘက်အကြား ကွာဟ ခြားနားချက်တွေကို လျော့ချ နိုင်ခဲ့တယ် လို့ အီရန် သမ္မတ Hassan Rouhani က ဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီကလည်း စစ်မှန်တဲ့ တိုးတက်မှု တွေ အတိုင်းအတာ တစ်ခု အထိ ရှိခဲ့ကြောင်း၊ ဒါပေမယ့် အဓိက သဘောမတူ နိုင်စရာ အချက်တွေ လည်း ကျန် ရှိနေသေးကြောင်း ပြောပါတယ်။
အီရန် ရဲ့ နျူကလီယာ အရေး ဆွေးနွေးပွဲ နောက်ဆုံးရက်ကို အခုဆိုရင် နောက်ထပ် ခုနှစ်လ အထိ ရွှေ့ဆိုင်း တိုးမြင့် လိုက်ပါတယ်။




