မိုဒီရဲ့ ဝတ်စုံကို ဒေါ်လာ ၇ သိန်းခန့် လေလံဆွဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီရဲ့ ဝတ်စုံကို လေလံတင် ရောင်းချရာမှာ အိန္ဒိယ စိန်ကုန်သည် တစ်ယောက်က ရူပီး ၄၃ သန်းကျော် (ဒေါ်လာ ၆ သိန်း ၉ သောင်း) ပေးပြီး ဝယ်ယူ သွားခဲ့ပါတယ်။
လေလံ အောင်ခဲ့သူ Hitesh Patel က အဲဒီ ဝတ်စုံကို စိတ်ခွန်အား ပေးတဲ့ စေ့ဆော်မှု တစ်ခုအဖြစ် သူ့ရဲ့ စက်ရုံမှာ ထားရှိ သွားမယ်လို့ ဘီဘီစီကို ပြောပါတယ်။
အဲဒီ ဝတ်စုံမှာ ပါတဲ့ အထက်အောက် အစင်းတွေဟာ မိုဒီရဲ့ နာမည်ကို ရေးထိုးထားတာ ဖြစ်ပြီး ဒါကို သိရှိချိန်မှာ အချို့က မိုဒီကို ဝေဖန် တိုက်ခိုက် ခဲ့ကြပါတယ်။
ဝန်ကြီးချုပ် မိုဒီက သူလက်ခံ ရရှိခဲ့တဲ့ လက်ဆောင် ပစ္စည်း အများအပြားကိုပါ အဲဒီ ဝတ်စုံနဲ့ အတူ လေလံတင် ရောင်းချ ခဲ့ပြီး၊ ရရှိတဲ့ ငွေကို ဂန်ဂျီ ခေါ် ဂင်္ဂါမြစ်ကို သန့်ရှင်းရေး ဆောင်ရွက်ရာမှာ အသုံးပြု သွားမယ်လို့ ကတိပေး ထားပါတယ်။




