ခရစ်ယာန် ဘုရားကျောင်းတွေ အတိုက်ခံရမှု ဒေလီမှာ ဆန္ဒပြ

ဓာတ်ပုံ ရင်းမြစ်, AP
အိန္ဒိယ နိုင်ငံ မြို့တော် ဒေလီမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ခရစ်ယာန် ဘုရားကျောင်း အချို့ တိုက်ခိုက် ခံရမှုကို ကန့်ကွက်တဲ့ ဆန္ဒပြသူ အတော်များများကို ရဲတွေက ဖမ်းဆီး ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ လက ဘုရားကျောင်း တစ်ခု မီးရှို့ခံခဲ့ရပြီး တနင်္လာနေ့ကလည်း ဘုရားကျောင်း တစ်ခု ထပ်မံ ဖျက်ဆီး ခံရပြီးနောက် အခုလို ကန့်ကွက် ဆန္ဒပြ ခဲ့ကြတာပါ။
ဒီတိုက်ခိုက်မှု တွေကို ဟိန္ဒူ အစွန်းရောက် တွေက ကျူးလွန် ခဲ့တာလို့ ခရစ်ယာန် အုပ်စုတွေက စွပ်စွဲပေမယ့် အထောက် အထား ခိုင်လုံမှု မရှိဘူးလို့ ရဲတွေက ပြောပါတယ်။
ဒေလီမြို့ရဲ့ လူနည်းစု ခရစ်ယာန် တွေကို လက်ရှိ အာဏာရ ဟိန္ဒူ မျိုးချစ်ဝါဒီ BJP အစိုးရက လုံလောက်တဲ့ ကာကွယ် ပေးမှုတွေကို မရှိဘူးလို့ ဆန္ဒပြသူ အချို့က စွပ်စွဲ ကြပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ နောက်ပိုင်း ဒေလီမြို့မှာ ခရစ်ယာန် ဘုရားကျောင်း တွေကို တိုက်ခိုက်မှု ၅ ကြိမ် ဖြစ်ပွား ခဲ့ပါတယ်။




