အမေရိကန်နဲ့ အိန္ဒိယတို့ နျူကလီးယား ကိစ္စ သဘောတူ

ဓာတ်ပုံ ရင်းမြစ်, Reuters
အိန္ဒိယ နိုင်ငံ ကို ၃ ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ရောက်ရှိ နေတဲ့ အမေရိကန် သမ္မတ အိုဘားမားနဲ့ အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ တို့ ကနေ ကာလ ကြာရှည် စောင့်မျှော် နေရတဲ့ ၂ နိုင်ငံ အရပ်ဖက်သုံး နျူကလီးယား ပူပေါင်း ဆောင်ရွက်ရေး ကိစ္စတွေ အတွက် တိုးတက် ဖြစ်ထွန်း မှုတွေ ရရှိ ခဲ့ပြီလို့ ကြေညာ ပြောဆို လိုက်ကြ ပါတယ်။
ဒေလီ မြို့မှာ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် ရာမှာ အခုလို ပြောကြားခဲ့ တာပါ။
မစ္စတာ မိုဒီက ဒီကိစ္စ သဘောတူ ထားတာ ၆ နှစ် ကြာခဲ့ ပြီး အခု တော့ လက်မှတ် ရေးထိုး နိုင်ပြီ ဖြစ်ကြောင်း၊ ဒါဟာ ၂ နိုင်ငံ စီးပွားရေး အရ ပူးပေါင်း ဆောင်ရွက် ရေး ဆီကို ဦးတည် နေတာ ဖြစ်တယ်လို့ ပြောပါ တယ်။
မစ္စတာ အိုဘားမား က အိန္ဒိယ နဲ့ အကျိုးတူ ပူပေါင်း ဆောင်ရွက် ရေး တွက် သမိုင်းစာ မျက်နှာသစ် ဖွင့်လိုက် တာလို့ လည်း ပြောကြားခဲ့ ပါတယ်။
ဆွေးနွေးတဲ့ အထဲမှာ ကုန်သွယ်ရေး၊ ရာသီဥတု ပြောင်းလဲမှု၊ နဲ့ အကြမ်းဖက် ဝါဒ တန်ပြန် တိုက်ဖျက်ဖို့ အကြောင်း အရာတွေ ပါဝင် ပါတယ်။
အစောပိုင်း တုန်းကတော့ သမ္မတ အိုဘားမား လေယာဉ်နဲ့ ဆိုက်ရောက် လာစဉ် အိန္ဒိယ ဝန်ကြီးချုပ်ဟာ အစဉ် အလာ အတိုင်း မဟုတ်ဘဲ မစ္စတာ အိုဘားမားကို လေဆိပ် အထိ သွားရောက် ကြို ခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ အိုဘားမား ဟာလည်း အိန္ဒိယ လွတ်လပ်ရေး ခေါင်းဆောင် မဟတ္တမ ဂန္ဒီ အမှတ် တရ ဂူဗိမန် မှာ သွားရောက် ပြီး ပန်းခွေ ချခဲ့ ပါတယ်။




