ကော့ပ်တစ်ခရစ်ယာန်တွေကို ခေါင်းဖြတ်သတ်တဲ့ ဗီဒီယို ထွက်ပေါ်

ဓာတ်ပုံ ရင်းမြစ်, AP
အီဂျစ် နိုင်ငံက ကော့ပ်တစ် ခရစ်ယာန် အနည်းဆုံး ၁၀ ဦး ကို သတ်ဖြတ် နေတာ ကို ဖော်ပြထားတဲ့ ဗီဒီယို ကို လစ်ဗျား ဂျီဟာ့ဒ်ဝါဒီ တွေက အင်တာနက် အွန်လိုင်းပေါ် တင်လိုက်ပါ တယ်။
အဲဒီ့ လစ်ဗျား ဂျီဟာ့ဒ် ဝါဒီတွေ ဟာ အစ္စလာမ်မစ် စစ်သွေးကြွ IS လက်နက်ကိုင် အဖွဲ့ အပေါ် သစ္စာ ခံသူတွေ ဆိုပြီး သူတို့ကိုယ် သူတို့ ပြောထား ကြသူတွေ ဖြစ်ပါတယ်။
လစ်ဗျား နိုင်ငံထဲမှာ သိရှိ ထားသမျှ စာရင်းတွေ အရ ပျောက်ဆုံးနေ တဲ့ ကော့ပ်တစ် ခရစ်ယာန် ၂၁ ဦး ရှိပါတယ်။
အရင် သီတင်းပတ် က ထွက်ရှိခဲ့တဲ့ ဗီဒီယို ထဲမှာ တော့ အဝါရောင် ဝတ်စုံ ဝတ်ပေး ခံထားရတဲ့ သူတွေကို ကမ်းခြေတစ်ခု တလျှောက် ခေါ်ဆောင် သွားပြီး ဒူးထောက် ထိုင်ခိုင်းကာ မျက်နှာဖုံးစွပ် သေနတ်ကိုင်တွေ က နောက်က ရပ်နေတာ ကို ရိုက်ပြ ခဲ့ပါတယ်။
အခု ဗီဒီယိုထဲ မှာတော့ ဖမ်းဆီး ထားသူ တွေ ကို ခေါင်းဖြတ် သတ်နေပုံ တွေ ရိုက်ပြ ထားပါတယ်။
သူတို့ဟာ ကိုးကွယ်ရာ ဘာသာကြောင့် အသတ် ခံခဲ့ရတယ် လို့ ယူဆ ရပါတယ်။
အီဂျစ် သမ္မတ အက်ဘ်ဒယ်လ် ဖာ့တာ အယ်လ် စီစီ က ဖြစ်ပေါ်နေတဲ့ အခြေအနေ ကို ဆွေးနွေးဖို့ အမျိုးသား လုံခြုံရေး ကောင်စီ အစည်းအဝေး ခေါ်ယူ လိုက်ပါတယ်။
ဒီ အဖြစ်အပျက်ကြောင့် အီဂျစ်နိုင်ငံမှာ ဝမ်းနည်းဖွယ် အထိမ်းအမှတ် ၇ ရက် ကြေညာထား ပြီး အီဂျစ် နိုင်ငံသား တွေ လစ်ဗျား ကို မသွားဖို့ သတိပေး ထားပါတယ်။
အီဂျစ် နိုင်ငံသား အများအပြား ဟာ အလုပ်အကိုင် ရှာဖွေဖို့ လစ်ဗျား ထဲ သွားလေ့ ရှိပါတယ်။








