လစ်ဗျား မြို့တော်မှာ သေနတ်သမား ဝင်စီး

ဓာတ်ပုံ ရင်းမြစ်, ALI TAWEEL
လစ်ဗျား နိုင်ငံ ထရစ်ပိုလီ မြို့တော်က ထိပ်တန်း ဟိုတယ်တခုမှာ သေနတ်သမား တွေ ဝင်ပစ်ပြီး ကားဗုံး ပေါက်ကွဲလို့ အနည်းဆုံး ၉ ယောက် သေဆုံး သွားပါတယ်။
အမေရိကန် နဲ့ ပြင်သစ် နိုင်ငံသားတွေ အပါအဝင် အာရှ တိုက်သား ၃ ယောက် ပါ သေဆုံးသူ တွေထဲ ပါဝင်ကြောင်း လစ်ဗျား အာဏာပိုင် တွေက ပြောပါတယ်။
တနေ့တာ စီးနင်း တိုက်ခိုက်ခံရမှု အတွင်း လစ်ဗျား လုံခြုံရေး ဝန်ထမ်း ၁၅ ယောက် လောက် ထိခိုက် ဒဏ်ရာ ရရှိ ခဲ့ပြီး ၃ ယောက် သေဆုံး ခဲ့ပါတယ်။
နောက်ဆုံး သေနတ် သမားတွေက အသေခံ ဖောက်ခွဲ သွားကြတာ လို့ သိရပါတယ်။
Corinthia ဟိုတယ် စီးနင်းမှု ကို ကြုံတွေ့ လိုက်တဲ့ အမျိုးသမီး တယောက် ကတော့ မနက် ၁ဝ နာရီ လောက်မှာ ပစ်ခတ်သံ တွေ စကြားရပြီး ၁ဝ မိနစ် လောက် မှာ အင်မတန် ကျယ်လောင် တဲ့ ပေါက်ကွဲမှု ကြီး ဖြစ်ပွား ခဲ့ပြီး ဟိုတယ် တခုလုံး တုန်ခါ သွားတယ် လို့ ပြောပါတယ်။
လစ်ဗျားက အစ္စလာမ္မစ် နိုင်ငံ အုပ်စုက ဒါ သူတို့ လက်ချက်မှာ အင်တာနက်မှာ ရေးသား ခဲ့ပါတယ်။




