လစ်ဗျားမြို့တစ်မြို့မှာ လူငယ် ၃ ဦး ခေါင်းဖြတ် အသတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, Reuters
လစ်ဗျားနိုင်ငံ အရှေ့ဘက် ဒဲရ်နား မြို့ကို ထိန်းချူပ်ထားတဲ့ အစ္စလာမစ် ဘာသာရေး အစွန်းရောက် လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့က မြို့ခံ လူငယ် ၃ ဦးကို ခေါင်းဖြတ် သတ်လိုက် ပါတယ်။
ဒဲရ်နား မြို့ဟာ ၂၀၁၂ ကတည်းက အပြိုင် အစ္စလာမ်မစ် လက်နက်ကိုင် အဖွဲ့တွေအောက် ရောက်နေ ခဲ့တာပါ။
ဒီ ကာလတွေ အတွင်း မြို့ထဲမှာ ဘယ်လို အခြေအနေတွေ တွေ့ကြုံ ခံစား နေခဲ့ရတယ် ဆိုတာကို လူမှုကွန်ယက် အင်တာနက် စာမျက်နှာတွေ ပေါ်မှာ အဲဒီ့ လူငယ်တွေက ရေးသားခဲ့လို့ ဆိုပြီး သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဒဲရ်နားမြို့ကို ထိန်းချူပ်ထားတဲ့ လက်နက်ကိုင်တွေ ထဲက တစ်ဖွဲ့ဟာ ဆီးရီးယားနဲ့ အီရတ်မှာ ရှိတဲ့ ဆွန်နီ အစွန်းရောက် IS အဖွဲ့ အပေါ်မှာ သစ္စာခံတယ် ဆိုပြီး လောလောလတ်လတ် မှာပဲ ကြေညာ ထားပါတယ်။




