လစ်ဗျား ရေနံမြေ တိုက်ခိုက်ခံရ

လစ်ဗျား နိုင်ငံက ဝေးလံ တဲ့ ရေနံတွင်း တခု မှာ စစ်သွေးကြွ လို့ ယူဆ ရသူ တွေ လက်ချက် နဲ့ လူ ၁၁ ယောက် သတ်ဖြတ် ခံခဲ့ရ ပါတယ်။
လစ်ဗျား လူမျိုး ၁ဝ ယောက် နဲ့ အာဖရိက လူမျိုး တယောက် Mabrook ရေနံမြေ မှာ အင်္ဂါနေ့ ည တိုက်ခိုက်မှု မှာ သေဆုံးတယ် လို့ လစ်ဗျား စစ်အရာရှိ ကြီး တ ဦး က ဘီဘီစီ ကို ပြောကြား ပါတယ်။
ဘယ်အဖွဲ့ လက်ချက် ရယ် လို့ ထုတ်ဖော် ပြောကြား တာ မရှိ ပေမယ့် အစ္စလာမ္မစ် နိုင်ငံ တပ်ဖွဲ့ လက်ချက် ဖြစ်ပုံ ရတယ် လို့ ဆိုပါတယ်။
သေနတ်သမား တယောက် က တခြား လစ်ဗျား အလုပ်သမား တွေကို ဟောပြော လွှတ်ပြီး ရေနံတွင်းက ထွက်သွားခိုင်း တယ်လို့ လည်း ဆိုပါတယ်။
ဖိလစ်ပိုင် နိုင်ငံသား ၃ ယောက် ကို ဓားစာခံ အဖြစ် ပြန်ပေးဆွဲ သွားတယ် လို့ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြား ပါတယ်။




