ယူကရိန်းအရှေ့ပိုင်း အပစ်ရပ် စတင်

ဓာတ်ပုံ ရင်းမြစ်, AFP
ယူကရိန်း နိုင်ငံ အရှေ့ဘက်ပိုင်း က လာတဲ့ သတင်းတွေ အရ အစိုးရတပ်နဲ့ ရုရှား ကျောထောက် နောက်ခံပြု သူပုန်တွေ အကြား အပစ်ရပ် သဘောတူမှု ဟာ စတင် အသက် ဝင်လာပြီ ဖြစ်ပါတယ်။
တိုက်ပွဲ တွေ အဓိက ဖြစ်ပေါ်နေခဲ့တဲ့ ဒွန်းညက်စ်၊ လုဟန့်စ်ခ် နဲ့ အချက်အချာ ကျရာ ဒက်ဘဲလ်ဆာဗာ မြို့ တွေမှာ အခြေအနေ တွေ ဟာ ငြိမ်သက် နေတယ်လို့ ဆိုပါတယ်။
အစိုးရတပ် တွေ အနေနဲ့ အပစ်ရပ် သဘောတူမှု ကို စောင့်ထိန်းဖို့ အမိန့် ထုတ်ထားတယ် လို့ ယူကရိန်း သမ္မတ ပက်ထရို ပိုရိုရှဲန်ကို က ပြောပါတယ်။
ဒါပေမယ့် တဘက်က ဖောက်ဖျက် လာရင်တော့ သည်းခံ နေမှာ မဟုတ်ဘူး လို့လည်း သမ္မတ ပိုရိုရှဲန်ကို က ပြောပါတယ်။
အခုလို အပစ်ရပ် သဘောတူမှု စတင်ဖို့ နီးကပ်လာ တဲ့ အချိန်တွေ ထိအောင် တိုက်ခိုက်မှု တွေ ဖြစ်နေခဲ့တယ် ဆိုတဲ့ သတင်းတွေ အပေါ် စိုးရိမ်ကြောင်း အမေရိကန် သမ္မတ အိုဘားမား က မစ္စတာ ပိုရိုရှဲန်ကို နဲ့ ဂျာမဏီ ဝန်ကြီး ချူပ် အိန်ဂလာ မာ့ခဲလ် တို့ကို ဆက်သွယ် ပြောဆို ခဲ့ပါတယ်။




