ယူကရိန်းမှာ တိုက်ခိုက်နေဆဲ

ဓာတ်ပုံ ရင်းမြစ်, ap
ယူကရိန်း အရှေ့ပိုင်းမှာ စနေနေ့ ညပိုင်းမှာ အပစ်ရပ် သဘောတူညီချက် စဖို့ နာရီပိုင်း လိုတဲ့ အချိန်အထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။
ရထား လမ်းဆုံရာ အချက်အခြာ မြို့ ဖြစ်တဲ့ ဒါဗောက်ဆာဗာမြို့ကိုလည်း ရုရှားယိမ်းသူပုန်တွေက အကြီးအကျယ် ပစ်ခတ် တိုက်ခိုက်နေလို့ မြို့မှာ မီးလျှံတွေ ကြီးပဲ တယ်လို့ အဲဒီက ဒေသ ရဲတပ်ဖွဲ့ အကြီးအကဲ က ပြောပါတယ်။
အနီးမှာရှိတဲ့ ခရိုင်မီးယားရဲ့ အဝင်အထွက်တံခါးပေါက်လို ဖြစ်တဲ့ မာရီယူပိုးလ် မှာလည်း တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။
ယူကရိန်း နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက အခုဆို ဒီသူပုန်တွေဟာ တချို့ နေတိုး အဖွဲ့ဝင် နိုင်ငံတွေထက်တောင်မှ လက်နက် အင်အား တောင့်တင်းနေတယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး သူက တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေမှာ ရုရှားရဲ့ လက်နက်ကြီးတွေ ရှိနေတဲ့ တာနဲ့ ပတ်သက်လို့ သူလျှို ဂြိုလ်တုတွေကနေ တဆင့် ရိုက်ကူးထားတဲ့ ပုံတွေကိုလည်း ပြသခဲ့ပါတယ်။
အဲဒီ ဒေသတွင်းက ၂ ဘက်စလုံးက လူတွေကတော့ ငြိမ်းချမ်းရေး အလားအလာတွေနဲ့ ပတ်သက်လို့ သိပ်ပြီး မျှော်လင့်ချက် မထားကြဘူးလို့ အဲဒီကို ရောက်ရှိ နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။




