အပစ်ရပ် စမယ့်အချိန် နီးလာပေမယ့် ယူကရိန်းတိုက်ပွဲ ပြင်းထန်ဆဲ ဖြစ်နေ

ဓာတ်ပုံ ရင်းမြစ်, Getty
ယူကရိန်း အရှေ့ခြမ်း မှာ အပစ်ရပ် စတင်ဖို့ သဘောတူ ထားတဲ့ ကာလ နီးကပ် လာပေမယ့် စစ်ရှိန် လျော့ မသွားပဲ ဆက်လက် တိုက်ခိုက် နေကြပါ တယ်။
ရုရှား ကျောထောက် နောက်ခံ ပြု သူပုန်တွေ ဟာ အချက်အချာ ကျရာ ဒက်ဘဲလ်ဆာဗာ မြို့ကို လက်နက်ကြီး တွေနဲ့ ပြင်းပြင်းထန်ထန် ဆက်လက် ပစ်ခတ် နေကြပြီး အခုဆို မြို့ဟာ မီးဟုန်းဟုန်း တောက်နေတယ် လို့ ဆိုပါတယ်။
ဒါ့အပြင် နောက်ထပ် မဟာဗျူဟာ ကျရာ မြို့ဖြစ် တဲ့ မာရီအူပိုးလ် ကိုလည်း ခွဲထွက်ရေး သူပုန်တွေ က အရှိန်မြှင့် တိုက်ခိုက် လာတယ် လို့ ယူကရိန်း အစိုးရ ဘက်က ပြောပါတယ်။
သဘောတူ ထားသလို အပစ်ရပ်မှု တကယ် အကောင်အထည် မပေါ် လာခဲ့ရင် သူ့အနေ နဲ့ စစ်အုပ်ချုပ်ရေး မာရှယ်လော ကြေညာကောင်း ကြေညာ ရလိမ့်မယ် ဆိုပြီး ယူကရိန်း သမ္မတ ပက်ထရို ပိုရိုရှဲန်ကို က ပြောပါတယ်။




