ယူကရိန်း အရှေ့ခြမ်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်

ဓာတ်ပုံ ရင်းမြစ်, AP
ယူကရိန်း နိုင်ငံ အရှေ့ဘက်ပိုင်း မှာ ခွဲထွက်ရေး သူပုန်တွေ ကို ရုရှားက စစ်ရေး အကူအညီ ဆက်လက် ပေးနေတယ် ဆိုတဲ့ သတင်းတွေ အပေါ် အလွန် စိုးရိမ်ကြောင်း အမေရိကန် က ပြောပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေး နေ့က ယူကရိန်း အရေးနဲ့ ပတ်သက်ပြီး အပစ်ရပ် သဘောတူမှု အသစ်တစ်ရပ် ရရှိ ခဲ့ပေမယ့်အရှေ့ဘက် နယ်တွေ မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်ဆဲ ဖြစ်ပါတယ်။
အပစ်ရပ် သဘောတူထားမှု အကောင်အထည် ပေါ်နိုင်မလား ဆိုတာ မသေချာ မချင်း အမေရိကန် အနေနဲ့ ယူကရိန်း အစိုးရ တပ်တွေ ကို ကာကွယ်ရေး လက်နက်တွေ ထောက်ပံ့ဖို့နဲ့ ရုရှား အပေါ် ပိတ်ဆို့ အရေးယူမှု တွေ ပိုမို ချမှတ်ဖို့ ဖြစ်လာ နိုင်တယ် လို့ အမေရိကန် နိုင်ငံခြားရေး ဌာန ရဲ့ ပြောခွင့်ရ ယဲန် ဆာကီး က အပြောပါတယ်။
လူနေထူထပ်တဲ့ နေရာတွေ အပါအဝင် ၂ ဘက်တပ်တွေ ရင်ဆိုင်မှု မရှိစေဖို့ သဘောတူ သတ်မှတ်ထား တဲ့ မျဉ်းကြောင်း တလျှောက် တိုက်ပွဲတွေ ဆက်လက် ဖြစ်နေတာ ကို အလွန် စိုးရိမ်ပါတယ် လို့ မစ္စ ဆာကီး က ပြောသလို အထူးသဖြင့် ရုရှားနယ် ထဲကနေ သံချပ်ကာ ကားတွေ၊ ဒုံးကျည်တွေ အခု ရက်ပိုင်းတွေ ထဲ ဆက်လက် ဝင်ရောက် နေတယ် ဆိုတဲ့ သတင်းတွေ အတွက် စိုးရိမ်ကြောင်း လည်း ပြောပါတယ်။




