ယူကရိန်း ငြိမ်းချမ်းရေး သဘောတူညီချက် ကြေညာ

ဓာတ်ပုံ ရင်းမြစ်, AP
ယူကရိန်း အရှေ့ပိုင်းက တိုက်ပွဲတွေ အဆုံးသတ်ရေး အတွက် ဘယ်လာရုစ် နိုင်ငံမှာ အလျင်စလို ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲ ကနေ သဘော တူညီချက် ရရှိခဲ့ကြ ပါတယ်။
အပစ်အခတ် ရပ်စဲမှုကို ဖေဖော်ဝါရီ ၁၅ ရက်မှာ စတင်မယ်လို့ ရုရှား၊ ယူကရိန်း၊ ဂျာမနီနဲ့ ပြင်သစ် ခေါင်းဆောင် တွေက ကြေညာ လိုက်ပါတယ်။
ရှေ့တန်း စစ်မျက်နှာ တလျှောက်မှာ ကျယ်ပြန့်တဲ့ စစ်မဲ့ဇုန် ထားရှိမှာ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။
ဒီ သဘော တူညီချက်မှာ လက်နက် လျှော့ချရေးနဲ့ အကျဉ်းသား ဖလှယ်ရေး အစီအစဉ်တွေ ပါဝင် ပေမယ့် အရေးကြီးတဲ့ ကိစ္စ အချို့ကို ညှိနှိုင်းဖို့ ကျန်နေ ပါသေးတယ်။
ဒီသဘောတူညီချက်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာမှာ ရရှိခဲ့ပြီး မကြာခင် ပျက်ပြယ်ခဲ့တဲ့ အပစ်ရပ်ရေး သဘောတူညီချက်နဲ့ ဆင်တူတယ်လို့ မင့်စ် မြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။




