သီရိ လင်္ကာ ရွေးကောက်ပွဲမှာ သမ္မတ မဲဆွယ်

ဓာတ်ပုံ ရင်းမြစ်, AP
သီရိ လင်္ကာ မှာ နောက်တပတ် ကျင်းပမယ့် ရွေးကောက်ပွဲမှာ သမ္မတ Mahinda Rajapakse က သူ့ကိုပဲ ပြန်တင်မြှောက်ဖို့ လူနည်းစု တမီလ် လူမျိုး တွေကို တောင်းဆို လိုက် ပါတယ်။
သိပြီးသား မကောင်းဆိုးရွားက မတွေ့ဖူးတဲ့ နတ်ဒေဝတာ ထက် ပိုကောင်းပါတယ် လို့ တမီးလ် တွေရဲ့ ဒေသ Jaffna မြို့ မှာ မဲ ဆန္ဒ ရှင် တွေနဲ့ တွေ့ဆုံ ပွဲမှာ မစ္စတာ Rajapakse က ပြောပါတယ်။
လူများစု Sinhalese တွေ ကြားမှာ Mahinda Rajapakse ကို လူကြိုက်များဆဲ ဖြစ်တယ် လို့ သတင်းထောက် တွေက ဆိုပါတယ်။
ဒါပေမဲ့ ၂ဝဝ၉ ခုနှစ်က တမီးလ် ကျား သူပုန် တွေကို ရက်ရက်စက်စက် ဖြိုခွဲပြီး အရပ်သား သောင်းနဲ့ ချီ သတ်ဖြတ် ခံခဲ့ရပြီးနောက် တမီးလ် လူမျိုး တွေရဲ့ မလို မုန်းတီးမှုကို Mahinda ရင်ဆိုင် နေရ ပါတယ်။
Mahinda နဲ့ ပြိုင်ဘက် သမ္မတ လောင်း ကိုပဲ တမီးလ် ပါတီက ထောက်ခံကြောင်း ကြေညာ ခဲ့ပြီး ဖြစ်ပါတယ်။




