မဲဆွယ်မှုမှာ ပုပ်ရဟန်းမင်းရဲ့ ပုံ မသုံးဖို့ တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, Reuters
သီရိလင်္ကာ နိုင်ငံမှာ နိုင်ငံရေး ပါတီတွေရဲ့ ရွေးကောက်ပွဲ မဲဆွယ် မှုတွေ မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ပုံကို အသုံးမပြုဖို့ သီရိလင်္ကာ နိုင်ငံရဲ့ ရိုမဲန် ကက်သလစ် ကျောင်းတော် က တာဝန်ရှိသူ တွေက တောင်းဆို လိုက်ပါတယ်။
လာမယ့် နှစ်ဆန်း ဇန်နဝါရီ ၈ ရက်မှာ သီရိလင်္ကာ သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိပါတယ်။
လက်ရှိ သမ္မတ မဟင်ဒါ ရာဂျပ်ပါ့ခ်ဆာ နဲ့ အရင် စိုက်ပျိုးရေးနဲ့ ကျန်းမာရေး ဝန်ကြီးဟောင်း မိုင်ထရီပါလ ဆရီဆာန တို့ ဦးဆောင်တဲ့ အဓိက ပြိုင်ဘက် ၂ ဘက်စလုံးက ပုပ်ရဟန်းမင်းကြီး ရုပ်ပုံပါတဲ့ ပိုစတာတွေ ကို မဲဆွယ် ရာမှာ အသုံးပြု နေကြပါတယ်။
ရွေးကောက်ပွဲ ကျင်းပပြီးတဲ့ အချိန်မှာပဲ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ သီရိလင်္ကာ ကို အလည်အပတ် လာရောက်ဖို့ စီစဉ် ထားပါတယ်။




