သီရိလင်္ကာ ပြည်တွင်းစစ်ပြီးဆုံးခြင်း နှစ်ပတ်လည်

သီရိလင်္ကာ နိုင်ငံ ပြည်တွင်းစစ် အတွင်း သေဆုံး သွားတဲ့ တမီးလ် လူမျိုးတွေ အတွက် အမှတ် တရ အခမ်း အနားတွေ မလုပ် နိုင်အောင် နိုင်ငံ မြောက်ပိုင်း ဂျဖနာ မြို့က အဓိက တမီးလ် ပါတီရဲ့ ရုံးခန်း တွေကို သီရီလင်္ကာ စစ်သား တွေက ဝိုင်းထားကြ ပါတယ်။
သီရိလင်္ကာ ပြည်တွင်း စစ်ဟာ လွန်ခဲ့တဲ့ ၅ နှစ် အခုလို နေ့မှာ အဆုံးသတ် သွားခဲ့တာ ဖြစ်ပါတယ်။
ဂျဖနာ ဒေသ တခုလုံးမှာ စစ်သားတွေ အများ အပြား တိုးချ ထားတယ်လို့ သတင်းတွေ က ဆိုပါတယ်။
အစိုးရ ကတော့ တမီးလ် လူမျိုးတွေ အနေနဲ့ ဘယ်လို အမှတ် တရ အခမ်း အနား မျိုးကိုမှ မလုပ်ရ ဆိုပြီး တားမြစ်ထား ပါတယ်။ နောက်ပြီး ဘာသာ ရေး အခမ်း အနားတွေ ကိုပါ ပိတ်ပင် ထားတာပါ။
အစောပိုင်း တုန်းကတော့ တမီးလ်ကျား သူပုန်တွေ အပေါ် အောင်ပွဲ ခံခဲ့တဲ့ ၅ နှစ်မြောက် အခမ်း အနား အဖြစ် အစိုးရ ကနေ နိုင်ငံ တောင်ပိုင်း မှာ ကြီးမား လှတဲ့ စစ်ရေးပြ အခမ်း အနား တရပ် ကျင်းပခဲ့ ပါတယ်။
အဲဒီ အခမ်း အနားမှာ သမ္မတ မက်ဟင်ဒါ ရာဂျာပတ်ဆာက ညီညွတ် ရေးဟာ တိုင်းပြည် အတွက် အင်မတန်မှ အရေးကြီး တယ်လို့ ပြောကြား ပါတယ်။




