ပါကစ္စတန် မှာ အကြမ်းဖက်တွေ စစ်ခုံရုံး တင်မယ်

ဓာတ်ပုံ ရင်းမြစ်, AP
ပါကစ္စတန် မှာ အကြမ်းဖက်လို့ မသင်္ကာ သူတွေကို စစ်ခုံရုံးတွေ ဖွင့်လှစ် စစ်ဆေးဖို့ နိုင်ငံရေး ပါတီကြီးတွေနဲ့ သဘောတူညီမှု ရခဲ့တယ်လို့ ပါကစ္စတန် ဝန်ကြီးချုပ် Nawaz Sharif က ရုပ်သံကနေ ပြောကြား လိုက်ပါတယ်။
ပက်ရှ်ဝါ က စာသင်ကျောင်းမှာ ကလေးငယ် ၁၄ဝ ကျော် နဲ့ ဆရာ ဆရာ မ တွေကို တာလီဘန် စစ်သွေးကြွ တွေက အရင်တပတ်က သတ်ဖြတ်မှု ကြောင့် နိုင်ငံ တုန်လှုပ် ခြောက်ခြား ခဲ့ရတယ်လို့ သူက ဆိုပါတယ်။
အစ္စလာမ် ဘာသာရေး စာသင်ကျောင်း တွေနဲ့ အစည်းအဝေး တွေကို ကြည့်ကြပ်ဖို့၊ စစ်သွေးကြွတွေ မီဒီယာတွေကို အသုံးမပြု နိုင်အောင်နဲ့ တရားမဝင် အဖွဲ့အစည်းတွေကို နာမည်သစ် တွေနဲ့ မလှုပ်ရှား နိုင်အောင် ပိတ်ပင်ဖို့ တွေကိုလည်း ပါကစ္စတန် ဝန်ကြီးချုပ်က ကြေညာ ပါတယ်။
လက်ရှိ ပါကစ္စတန် တရားစီရင်ရေး စနစ်ရဲ့ ညံ့ဖျင်း အားနည်းမှု တွေကြောင့် အကြမ်းဖက် မှု ကျူးလွန်သူ တွေကို အပြစ်မပေးနိုင် ဖြစ်ခဲ့ရတယ်လို့ မစ္စတာ Sharif က ပြောပါတယ်။
ဒီအထူး တရားရုံး တွေ ကို စစ်အရာရှိ တွေက ဦးဆောင် စစ်ဆေးမှာ ဖြစ်ပါတယ်။




