တာလီဘန် တိုက်ခိုက်မှု ထပ်မဖြစ်အောင်ပြင်

ဓာတ်ပုံ ရင်းမြစ်, Reuters
ပါကစ္စတန် ကျောင်း သတ်ဖြတ်မှု အပြီး နောက်ထပ် တာလီဘန် တိုက်ခိုက်မှု တွေ မဖြစ်ပွား ရအောင် ကြိုတင် ပြင်ဆင် နေတယ်လို့ ပါကစ္စတန် အစိုးရက ပြောကြား လိုက်ပါတယ်။
အကျဉ်းထောင် တွေကို တိုက်ခိုက်ပြီး စစ်သွေးကြွ အကျဉ်းသား တွေကို လာကယ်မှာ စိုးလို့ ထောင်တွေ လုံခြုံရေး အတွက် တပ်တွေ ပိုချ ထားသလို စစ်အရာရှိ တွေရဲ့ သားသမီး တွေကို တာလီဘန် က ပြန်ပေးဆွဲပြီး စစ်သွေးကြွ အကျဉ်းသား တွေနဲ့ လဲမှာကိုလည်း စိုးရိမ် နေကြပါတယ်။
မကြာခင် ကပဲ စစ်သွေးကြွ အကျဉ်းသား ၂ ယောက်ကို ပါကစ္စတန် အစိုးရ က သေဒဏ်ပေး ကွပ်မျက် ခဲ့လို့ လက်တုံ့ပြန် ခံရမှာကို စိုးရိမ်နေကြ ပါတယ်။
ပါကစ္စတန် နိုင်ငံ အနှံ့ စစ်သွေးကြွ တွေနဲ့ တိုက်ပွဲ တွေ အတွင်း အတော်များများ သုတ်သင် နိုင်ခဲ့တယ် လို့ ပါကစ္စတန် စစ်ဘက် အာဏာပိုင် တွေက ပြောကြား ပါတယ်။
ခိုင်ဘာ ဒေသမှာ ဂျက်လေယာဉ် တွေနဲ့ တိုက်ခိုက်မှု တွေ အတွင်း အများဆုံး ၂ဝ ထိ သေဆုံးတယ် လို့ ပါကစ္စတန် က နာမည်ကြီး အရုဏ်ဦး သတင်းစာ က ရေးသား ထားပါတယ်။
ပါကစ္စတန် စစ်တပ် အကြီးအကဲ Raheel Sharif ဒီနေရာကို သွားရောက် ခဲ့ပါတယ်။
စစ်သွေးကြွ တွေကို အမြစ်ပြတ် တဲ့ထိ ချေမှုန်းမယ်လို့ စစ်ဘက်က ပြောကြား ပေမယ့် လည်း တကယ်တမ်း ဒီလို ချေမှုန်းလို့ မရဘူးလို့ အစ္စလာမ္မာဘတ် မြို့တော်က အယူအဆ ပြင်းထန်တဲ့ ဘာသာရေး ဆရာ တယောက် က ဝေဖန် ပြောကြား လိုက် ပါတယ်။




