ကိုဘာနီ တိုက်ပွဲကို IS တို့ အရှိန်မြှင့်

ဓာတ်ပုံ ရင်းမြစ်, AP
ဆီးရီးယားနိုင်ငံမှာ ကာ့ဒ်လူမျိုးစုတွေရဲ့ မြို့ဖြစ်တဲ့ ကိုဘာနီကို သိမ်းယူဖို့ ၊ IS လက်နက် ကိုင်တွေဟာ တိုက်ခိုက်မှု အရှိန် မြှင့်တင် လာနေပါတယ်။
တူရကီနယ်စပ် အနီးက ကာ့ဒ် တပ်ဖွဲ့ ဝင်တွေရဲ့ စခန်းကို၊ IS ဘက်က ပေါက်ကွဲ စေတတ်တဲ့ ပစ္စည်းတွေ တင်ဆောင် လာတဲ့ မော်တော်ယာဉ်နဲ့ အသေခံ ဗုံးခွဲ ဝင်တိုက်ခဲ့ပါတယ်။
ဒီ ယာဉ်ဟာ တူရကီ နယ်ထဲကနေ ၀င်ရောက် လာခဲ့တာ လို့ ကာ့ဒ်တွေက ပြောပေမယ့် တူရကီ ကတော့ ငြင်းဆန်ထားပါတယ်။
IS အဖွဲ့က အသေခံ ဗုံးခွဲ တိုက်ခိုက်မှုတွေ ထပ်မံ လုပ်ခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေသလို၊ ကိုဘာနီ မြို့ရဲ့ နေရာ တချို့မှာလည်း IS အဖွဲ့နဲ့ ကာ့ဒ်တို့ အကြား ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်ပေါ် နေပါတယ်။
ကိုဘာနီကို IS တွေ လက်ထဲ ကျရောက် မသွားအောင် ကာကွယ် နေကြတဲ့ ကာ့ဒ် တပ်ဖွဲ့ဝင် တွေကိုအမေရိကန် ဦးဆောင်တဲ့ မဟာမိတ် တပ်ပေါင်းစု ကလည်း လေကြောင်း ပစ်ကူတွေ ပေးခဲ့ပါတယ်။
လတ်တလော ဖြစ်ခဲ့တဲ့ ကိုဘာနီ တိုက်ပွဲတွေ မှာ နှစ်ဘက်ပေါင်း ၂၅ ယောက် အကျအဆုံး ရှိတယ်လို့ သိရပါတယ်။




