ကိုဘာနီ မြို့ကို ဆီရီးယား သူပုန်တွေ တပ်ကူဖြည့်

ဓာတ်ပုံ ရင်းမြစ်, AFP
ဆီးရီးယား မြောက်ပိုင်း နယ်စပ်က ကိုဘာနီမြို့မှာ အစ္စလာမ္မစ် နိုင်ငံအဖွဲ့ IS စစ်သွေးကြွ တွေကို ခုခံ တိုက်ခိုက် နေသူတွေကို ကူညီဖို့ ဆီးရီးယား သူပုန်တွေ ရောက်ရှိ လာကြောင်း ကိုဘာနီ မြို့တွင်းက လာတဲ့ သတင်းအရ သိရပါတယ်။
ဆီးရီးယား လွတ်မြောက်ရေး သူပုန်အဖွဲ့က တပ်ဖွဲ့ဝင် ၅၀ ကနေ ၂၀၀ အထိ ကိုဘာနီမြို့ကို ရောက်လာပြီး IS အဖွဲ့ကို ဆန့်ကျင် တိုက်ခိုက်နေသူတွေကို ကူညီ တိုက်ခိုက် နေပြီလို့ သိရပါတယ်။
အစောပိုင်း ကလည်း အီရတ် နွယ်ဖွား ကာဒ်လူမျိုး တိုက်ခိုက်ရေး သမား ၁၅၀ လောက်ဟာ တူရကီကနေ ကိုဘာနီမြို့ကို တပ်ကူ ဖြည့်ဖို့ သွားနေကြတယ်လို့ ကာဒ်လူမျိုး လက်နက်ကိုင် အရာရှိတွေက ပြောခဲ့ပါတယ်။
ကိုဘာနီမြို့ကို IS အဖွဲ့ လက်တွင်း မကျအောင် အမေရိကန်တို့ရဲ့ လေကြောင်း တိုက်ခိုက်မှု အကူအညီနဲ့ ကာ့ဒ်တပ်ဖွဲ့တွေက သီတင်း ၆ ပတ်ကြာ ခုခံ ထားခဲ့ပါတယ်။




