လေကြောင်း ပစ်ကူပေးဖို့ ကိုဘာနီမြို့ ကာ့ဒ်တွေက တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, EPA
ဆီးရီးယား နိုင်ငံထဲက ကာ့ဒ် မျိုးနွယ်စု တွေ အဓိက နေထိုင်ရာ ကိုဘာနီမြို့ ကို ဆွန်နီ အစွန်းရောက် IS တွေ လက်ထဲ မကျရောက်အောင် ကာကွယ် နေကြတဲ့ ကာ့ဒ် တပ်ဖွဲ့ဝင်တွေ ဟာ IS တို့ရဲ့ စစ်ကူယာဉ်တွေ အပေါ် ပစ်မှတ်ထား တဲ့ လေကြောင်း ပစ်ကူတွေ ပိုမို ပြုလုပ်ပေးဖို့ တောင်းဆို နေကြပါတယ်။
IS တွေရဲ့ အခိုင်အမာ ထိန်းချူပ် နယ်မြေ ဖြစ်တဲ့ ရက်ခါမြို့လို နေရာတွေကနေ တင့်ကားတွေ၊ လက်နက်ကြီးတွေ နဲ့ ဗုံးဆံတွေ အပါအဝင် ထောက်ပံ့ရေး ပစ္စည်းတွေဟာ ကိုဘာနီ ကို တိုက်နေတဲ့ IS တပ်ဖွဲ့ ဝင်တွေဆီ ရောက်လာ နေတယ်လို့ ကာ့ဒ်တပ်ဖွဲ့ ရဲ့ တပ်မှုးတစ်ဦး ဖြစ်တဲ့ အာ့စ်ရာ အဗ္ဗဒူလာက ဆိုပါတယ်။
IS တွေရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ပြန်လည် စတင် လာနေတဲ့ အတွက် ကိုဘာနီမြို့ ကနေ မီးခိုးတွေ အူတက် လာနေတာ တွေ့ရတယ် ဆိုပြီး ကိုဘာနီ အနီး တူရကီ ဘက်ခြမ်းက လာတဲ့ သတင်းတွေ အရ သိရပါတယ်။
အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် တပ်တွေရဲ့ လေကြောင်း တိုက်ခိုက်မှု တွေကြောင့်၊ ပြီးခဲ့တဲ့ သီတင်းပတ်တုန်း ကတော့ ကိုဘာနီကို တိုက်ခိုက်နေတဲ့ IS တပ်တွေကို ပြန်လည် ဆုတ်ခွာစေခဲ့ပါတယ်။




