ဆီးရီးယားမှာ အမေရိကန်က လေကြောင်း တိုက်ခိုက်မှုတွေ ထပ်မံ ပြုလုပ်

ဓာတ်ပုံ ရင်းမြစ်, AFP
ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း တူရကီ နယ်စပ် အနီးက အယ်လ်ကိုင်းဒါး နဲ့ အဆက်စပ် အုပ်စု ဖြစ်တဲ့ ခိုရာဆန် အဖွဲ့ကို လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ အမေရိကန် စစ်ဘက်က ပြောပါတယ်။
မော်တော်ယာဉ်တွေ၊ အဆောက်ဦတွေ အပါအဝင် ပစ်မှတ် ၅ ခုကို ထိမှန်ခဲ့တယ်လို့ အမေရိကန်က ဆိုပါတယ်။
တိုက်ခိုက်မှု အတွင်း အဆိုပါ လက်နက်အုပ်စုရဲ့ အဖွဲ့ဝင်တွေ သေဆုံးခဲ့သလို ကလေး ၂ ဦးလည်း သေဆုံးသွားကြောင်း ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူတွေ အဖွဲ့က ပြောပါတယ်။
အမေရိကန်နဲ့ ဥရောပ ကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်ဖို့ စီစဉ်နေတယ် ဆိုပြီး သံသယရှိရတဲ့ အဲဒီ့ ခိုရာဆန် အဖွဲ့ကို အမေရိကန် အနေနဲ့ ၂ ကြိမ် မြောက် လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။




