ယူကရိန်းနယ်ထဲ ရုရှားတပ်တွေ ဝင်ရောက် နေတယ်လို့ နေးတိုးပြော

ဓာတ်ပုံ ရင်းမြစ်, EPA
ယူကရိန်း အရှေ့ဘက်ခြမ်း မှာ ရုရှားရဲ့ စစ်ရေး အင်အား ဖြည့်တင်းမှုတွေ သိသိသာသာ တိုးမြင့် လုပ်ဆောင် လာတာဟာ ယူကရိန်း အစိုးရနဲ့ အရှေ့ဘက်ခြမ်း ခွဲထွက်ရေး သူပုန်တွေ အကြား အပစ် ရပ်ထားတဲ့ အခြေအနေ ကို ကျိုးပျက် သွားစေ နိုင်တယ် ဆိုပြီး နေးတိုးက သတိပေး လိုက်ပါတယ်။
ရုရှားဘက်ကနေ စစ်သားတွေ၊ သံချပ်ကာကားတွေ၊ လက်နက်ကြီးတွေနဲ့ လေယာဉ်ပစ် အမြောက်တွေပါ ယူကရိန်း နယ်ထဲကို စေလွှတ်နေတယ် ဆိုပြီးနေးတိုးက ပြောပါတယ်။
ရုရှားတပ်တွေ ပြန်လည် ရုပ်သိမ်း ပေးရမယ်လို့လည်း နေးတိုး အတွင်းရေးမှုးချူပ် ယဲန်းစ် စတိုးတဲန်းဘာ့ဂ် က တောင်းဆို လိုက်ပါတယ်။
ယူကရိန်း အစိုးရကလည်း အလားတူ တောင်းဆိုခဲ့တဲ့ အပြင် ယူကရိန်း စစ်တပ်တွေဟာ ရင်ဆိုင် တိုက်ပွဲတွေ ဆင်နွှဲဖို့ အသင့် ပြင်ထား နေပြီလို့လည်း ဆိုပါတယ်။
ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OSCE ကလည်း ယူကရိန်း အရှေ့ဘက်ခြမ်း နယ်ထဲကို ရုရှားဘက်ကနေ စစ်ဝတ်စစ်စားနဲ့ သူတွေ နယ်စပ် ဖြတ်ကျော် ဝင်ရောက် လာမှုတွေ တိုးမြင့်လာတဲ့ အကြောင်း သူတို့ အနေနဲ့ မှတ်တမ်း တင်ထားတယ် လို့ ပြောပါတယ်။
ရုရှား ဘက်ကတော့ အဲဒီ့ သတင်းတွေ အားလုံးကို မှန်ကန်မှု မရှိဘူး ဆိုပြီး ငြင်းဆန် လိုက်ပါတယ်။
ဒီအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဆွေးနွေး နေကြပါတယ်။




