ဒွန်းညက်စ်မှာ တိုက်ပွဲတွေ ပြင်းထန်

ဓာတ်ပုံ ရင်းမြစ်, EPA
ယူကရိန်း အရှေ့ဘက် ပိုင်းက ရုရှား သူပုန်တွေ ထိန်းချုပ် ထားတဲ့ ဒွန်းညက်စ် မြို့မှာ အစိုးရနဲ့ သူပုန်တွေ အကြား တညလုံး တိုက်ပွဲတွေ ပြင်းထန် နေခဲ့ပြီး လက်နက်ကြီး တွေနဲ့ ပစ်ခတ် သံတွေကိုလည်း ကြားနေ ရပါတယ်။
ဒွန်းညက်စ် မြို့ အများ စုကို သူပုန်တွေက ထိန်းချုပ် ထားတာ ဖြစ်ပြီး၊ တိုက်ပွဲ တွေ ထပ်ပြီး ပြင်းထန်လာ နိုင်တဲ့ အတွက် သူပုန် တွေဟာ ရှေ့တန်း နေရာ တွေမှာ အင်အား ထပ်ဖြည့် နေတယ်လို့ မျက်မြင် တွေ့ရှိ သူတွေက ပြောပါတယ်။
ဒီသူပုန်တွေ အတွက် ရုရှား ကနေ သံချပ်ကာ တပ်ဖွဲ့တွေ စေလွှတ် ခဲ့တယ် ဆိုပြီး ယူကရိန်း အစိုးရရဲ့ စွပ်စွဲ ချက်တွေ ကိုတော့ ရုရှား ဘက်က ပယ်ချ လိုက်ပါတယ်။
ဥရောပ စောင့်ကြည့်ရေး အဖွဲ့ ကတော့ တင့်ကား ၉ စီး ပါတဲ့ ယာဉ်တန်းဟာ သူပုန်တွေ ထိန်းချုပ် ထားတဲ့ နေရာကို ဖြတ်ပြီး အနောက် ဘက်ကို ရွေ့လျား သွား နေတယ်လို့ ပြောပါ တယ်။




