သီရိလင်္ကာ မြေပြိုမှု လူ ၁၀၀ ကျော် ပျောက်ဆုံးဆဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
သီရိလင်္ကာ နိုင်ငံ အလယ်ပိုင်းက လက်ဖက်စိုက်ခင်း တစ်ခုမှာ မိုးများပြီး မြေပြိုကျလို့ မြေကြီးအောက်မှာ ပိနေတယ်လို့ စိုးရိမ်ရတဲ့ လူ ၁၀၀ လောက်ကို ရှာဖွေနိုင်ဖို့ ကယ်ဆယ်ရေး လုပ်ငန်းတွေ တိုးမြှင့် လုပ်ဆောင် နေပါတယ်။
မနေ့က ဗုဒ္ဓဟူးနေ့မှာ လက်ဖက် စိုက်ခင်း အလုပ်သမားတွေရဲ့ သွပ်မိုး အိမ်တွေကို ဖုံးသွားအောင် ပြိုကျခဲ့တဲ့ မြေကြီးတွေကို ရာနဲ့ ချီတဲ့ စစ်သားတွေက စက်ကြီးတွေ အသုံးပြု ဖယ်ရှားနေခဲ့ကြပါတယ်။
အပျက်အစီး ပုံတွေ အောက်မှာ လူ ဘယ်နှစ်ယောက် ပိတ်မိနေတယ် ဆိုတာလည်း အခုချိန်ထိ ရှင်းရှင်း လင်းလင်း မသိရသေးဘဲ အသက်ရှင်လျက် တွေ့ရဖို့ မျှော်လင့်ချက်တွေ မှေးမှိန် လာနေပြီလို့ အစိုးရ ဝန်ကြီး တစ်ယောက်က ပြောပါတယ်။
ရုတ်တရက် မြေပြို ကျမှုတွေ ရှိနိုင်တဲ့ အန္တရာယ်ကြောင့် အနီးအနား ရွာတွေက လူတွေကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်း ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။




