လူနာကို သတ်တဲ့ ဆရာဝန် သေဒဏ်ကျ

သီရိလင်္ကာ နိုင်ငံ ကိုလံဘိုမြို့အနီးက ဆေးရုံတစ်ရုံမှာ လူနာ အမျိုးသမီး တစ်ယောက်ကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ ဆရာဝန်ကို တရားရုံးက သေဒဏ် ပေးလိုက်ပါတယ်။
ဒေါက်တာ Indika Balage ဟာ ဆေးရုံလာတက်တဲ့ အထည်ချုပ် စက်ရုံ အလုပ်သမ ဖြစ်သူ ၂၃ နှစ်အရွယ် Chamila Dissanayake ဆိုသူ အမျိုးသမီးကို လည်ပင်းညှစ် သတ်ဖြတ်ပြီး ဆေးရုံရဲ့ ၆ လွှာ ပြတင်းပေါက်ကနေ ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။
ဒီပြစ်မှုဟာ သီရိလင်္ကာ နိုင်ငံမှာ ၁၉၇၆ နောက်ပိုင်း နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ် သေဒဏ် ပေးခံရတဲ့ ပြစ်မှု ဖြစ်ပါတယ်။




