တမီလ် ကျားသူပုန် လေးဦးကို မလေးရှားရဲက ဖမ်း

မလေးရှား နိုင်ငံမှာ သီရီလင်္ကာ က တမီလ်ကျား သူပုန်အဖွဲ့ ခေါင်းဆောင် တွေလို့ ဆိုတဲ့ လူလေးဦးကို ဖမ်းဆီး လိုက်ပါတယ်။
နှစ် ၂၀ အတွင်း လူတသိန်း လောက် သေဆုံး ခဲ့ရပြီး ၁၉၉၉ ခုနှစ် တုန်းက အစိုးရ တပ်တွေက အနိုင်တိုက်ပြီး နှိမ်နှင်း နိုင်ခဲ့တဲ့ တမီလ်ကျား သူပုန်အဖွဲ့ကို ဒီလူတွေက မလေးရှားမှာ ခြေကုပ်ယူပြီး ပြန်ထူထောင်ဖို့ ကြိုးစားနေကြတာ လို့ မလေးရှား အာဏာပိုင် တွေက ပြောပါတယ်။
ဒီလူလေးဦးကို သီရိလင်္ကာနိုင်ငံထဲ နဲ့ နိုင်ငံခြား သံရုံး တွေကို တိုက်ခိုက်ဖို့ ကြိုးပမ်း နေတယ်ဆိုပြီး သံသယ ရှိနေ တာပါ။
အဲဒီ ထဲက တယောက်ဟာ ဖောက်ခွဲရေး ကျွမ်းကျင်သူ ဖြစ်တယ်လို့ မလေးရှား ရဲက ပြောပါတယ်။
နောက်တယောက် ကတော့ ၁၉၉၉ ခုနှစ် တုန်းက သီရိလင်္ကာ သမ္မတကို လုပ်ကြံဖို့ ကြိုးပမ်း ရာမှာ ပါဝင် ပတ်သက် ခဲ့သူပါ။
မလေးရှား ဟာ လူဝင်လူထွက် ထိန်းသိမ်း ရာမှာ အားနည်း လွန်းတယ်လို့ ဝေဖန် ခံနေရ ပါတယ်။
မလေးရှားရဲ ကတော့ တချို့လူတွေဟာ မလေးရှားမှာ နေခွင့် ရအောင် ဒုက္ခသည် ယောင်ဆောင် နေကြတာလို့ ဆိုပါတယ်။
မေလ တုန်းကလည်း မလေးရှား ရဲက လူသုံးဦး ကို တမီလ် ကျားသူပုန် အဖွဲ့ ပြန်လည် ထူထောင်ဖို့ ကြိုးပမ်းတယ် ဆိုပြီး နေရပ် ပြန်ပို့ ခဲ့တယ်လို့ မလေးရှားက ဘီဘီစီ သတင်းထောက် ကပြောပါတယ်။








