သီရိလင်္ကာ မြေပြိုမှု လူ ရာချီ ပျောက်ဆုံးနေ

သီရိလင်္ကာ နိုင်ငံ အလယ်ပိုင်းမှာ မိုးများပြီး မြေပြိုကျမှုကြောင့် လူ ၁၀ ယောက် ထက်မနည်း သေဆုံးခဲ့တယ်လို့ သီရိလင်္ကာ အရာရှိတွေက ဘီဘီစီကို ပြောပါတယ်။
သီတင်းပတ် အတော်ကြာအောင် ဆက်တိုက် မိုးသည်းထန် ခဲ့လို့ မြေပြိုကျပြီး Badulla ပြည်နယ်က နေအိမ် အလုံး ၁၄၀ လောက် မြေကြီးအောက် ရောက်သွားတယ်လို့ အရာရှိတွေက ပြောပါတယ်။
အဲဒီ ဒေသမှာ ရှာဖွေ ကယ်ဆယ်ရေးတွေ လုပ်ဆောင်ဖို့ လုံခြုံရေး တပ်ဖွဲ့တွေကို ပို့ဆောင်ထားပါတယ်။
သေဆုံးသူ ၁၀ ယောက်ကို အတည်ပြုနိုင် ပေမယ့် ပျောက်ဆုံးနေသူ လူ ၃၀၀ လောက် ရှိတယ်လို့ သဘာဝ ဘေးအန္တရာယ် ကိုင်တွယ် ဖြေရှင်းရေး ဌာနက Sarath Kumara က ဘီဘီစီကို ပြောပါတယ်။




