IS တွေရဲ့ အစုလိုက် အပြုံလိုက် အသတ် ခံထားရတဲ့ ကျင်း ၂ ကျင်း အီရတ်မှာ တွေ့

ဓာတ်ပုံ ရင်းမြစ်, AFP GETTY
အီရတ် အနောက်ပိုင်း အဲန်ဘာ ဒေသ ဟစ်ထ်ဆိုတဲ့ မြို့မှာ လူတွေ အစုလိုက် အပြုံလိုက် အသတ် ခံရပြီးနောက် မြှုပ်နှံ ထားခဲ့တဲ့ ကျင်းကြီး ၂ကျင်း ကို တွေ့ရပါတယ်။
အစွန်းရောက် အဖွဲ့ IS တွေကို ဆန့်ကျင် တဲ့ ဆွန်နီ တိုက်ခိုက်ရေး သမားတွေကို IS တွေက အနီးကပ် သေနတ်နဲ့ ပစ်သတ်ပြီး မြှုပ်နှံ ထားခဲ့တာ လို့ ယူဆ ရပါတယ်။
တချို့ သတင်းတွေ အရ ရုပ်အလောင်း ၄၆ လောင်း တွေ့ရတယ် လို့ ဆိုပေမယ့်၊ အလောင်း ၂၂၀ လောက်ထိ များတယ် လို့ ပြောနေတဲ့ သတင်းတွေ လည်း ထွက်ပေါ် နေပါတယ်။
အသတ် ခံခဲ့ရ သူတွေဟာ ဆွန်နီ ဘာသာဝင် အယ်လ်ဘူနီမား မျိုးနွယ်စုက ဖြစ်ပြီး၊ အီရတ် အစိုးရနဲ့ မဟာမိတ်ပြုကာ သူတို့နယ်ကို IS တွေ သိမ်းပိုက်စဉ် တွန်းလှန် ခဲ့ကြတာ ဖြစ်ပါတယ်။




