အီရတ် ကာကွယ်ရေး ပြည်ထဲရေး ဝန်ကြီး တွေ ခန့်

ဓာတ်ပုံ ရင်းမြစ်,
I-S တပ်တွေကို တိုက်ခိုက်ဖို့ အီရတ် အစိုးရသစ် က ကာကွယ်ရေးနဲ့ ပြည်ထဲရေး ဝန်ကြီး နေရာ တွေကို အတည်ပြု ခန့်အပ် ခဲ့ပါတယ်။
ရှီအာ အနွယ် Mohammed Salem al-Ghabban ကို ပြည်ထဲရေး ပေးပြီး ကာကွယ်ရေး ဝန်ကြီး အဖြစ် ဆွန်နီ မွတ်ဆလင် တွေ ထဲက Khaled al-Obeidi အီရတ် လွှတ်တော်က ခန့်အပ် ခဲ့ပါတယ် ။
အီရတ် စစ်ဆင်ရေး တွေ ဟာ အီရတ် ညွန့်ပေါင်း အစိုးရ ရဲ့ အဓိက တာဝန် ဖြစ်တယ် လို့ အစ္စလာမ္မစ် နိုင်ငံတပ် ကို လေကြောင်း တိုက်ခိုက် ရေး အမေရိကန် တပ်တွေရဲ့ ဦးစီး တပ်မှူးကြီး က ပြောကြား လိုက် ပါတယ်။
ဆီးရီးယား က I-S တပ်တွေ ကို လေကြောင်းက တိုက်ခိုက် နေတာ ဟာ အီရတ်မှာ အခြေအနေ ကောင်းလာဖို့ အတွက် ဖြစ်တယ် လို့ ဗိုလ်ချုပ်ကြီး Lloyd Austin က ပြောကြား ခဲ့ပါတယ်။
အီရတ် အနောက်ပိုင်းက I-S တွေ ထိန်းချုပ် ထားတဲ့ အန်ဘာ ခရိုင် အခြေအနေ မတည်ငြိမ် ဘူးလို့လဲ အမေရိကန် တပ်မှူးများက ပြောပါတယ်။
I-S တပ်တွေကို တိုက်ခိုက်ဖို့ အီရတ် အစိုးရသစ်က ကာကွယ်ရေးနဲ့ ပြည်ထဲရေး ဝန်ကြီး နေရာတွေ ကို အတည်ပြု ခန့်အပ်ပြီး ချိန်မှာ ဗိုလ်ချုပ်ကြီး Austin က ဒီလို ပြောကြား ခဲ့ပါတယ်။




