ကန် တိုက်ခိုက်မှုတွေကြောင့် IS ၅၀၀ ကျော် သေ

ဓာတ်ပုံ ရင်းမြစ်, AFP
IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ စစ်သွေးကြွတွေ အပေါ် အမေရိကန် ဦးဆောင်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင် နေရာမှာ စက်တင်ဘာလ နောက်ပိုင်းမှာ ဆီးရီးယား နိုင်ငံထဲက စစ်သွေးကြွ ၅၅၃ ဦးကို သတ်ဖြတ် နိုင်ခဲ့တယ်လို့ ယူကေနိုင်ငံ အခြေစိုက်တဲ့ လှုပ်ရှားသူတွေက ပြောပါတယ်။
လေကြောင်း တိုက်ခိုက်မှု တွေကြောင့် IS တပ်ဖွဲ့ဝင် ၄၆၄ ယောက်၊ အခြား စစ်သွေးကြွ ၅၇ ယောက်နဲ့ အရပ်သား ၃၂ ယောက်တို့ သေဆုံးခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။
တချိန်တည်းမှာပဲ ဆီးရီးယား မြောက်ပိုင်းက ကိုဘာနီမြို့ အနီးမှာ ရှိတဲ့ IS စခန်းတွေ အပေါ် အမေရိကန်က လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန် ထပ်မံ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။
ကိုဘာနီ မြို့ အနောက်ဘက်က စစ်ရေးအရ အရေးပါတဲ့ တောင်ကုန်းကို IS စစ်သွေးကြွတွေက ပြန်လည် သိမ်းပိုက် လိုက်တယ်လို့ ကာ့ဒ် သတင်းရပ်ကွက်က ဘီဘီစီကို ပြောပါတယ်။




