မိုဆူလ် ရေကာတာဆီ ကာ့ဒ်တွေ ချီတက် တိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, AFP
အီရတ်နိုင်ငံ ကာ့ဒ် တပ်ဖွဲ့ တွေဟာ အမေရိကန် စစ်လေယာဉ်တွေရဲ့ပစ်ကူ ပေးမှု ကြောင့် အခုဆိုရင် Islamic state IS စစ်သွေးကြွ တွေ ထိန်းချုပ် ထားတဲ့ မဟာ ဗျူဟာ အရ အရေး ပါတဲ့ မိုဆူလ် ရေကာတာ ဆီကို ချီတက် တိုက်ခိုက် နေပါတယ်။
ကာ့ဒ်တွေက သူတို့ဟာ စစ်ဆင်မှု ကို မနက် အရုဏ် တက်မှာ စခဲ့ကြောင်း၊ အမေရိကန် ကနေ ဂျက် တိုက်လေယာဉ် တွေ၊ မောင်းသူမဲ့ ဒရုံးတွေနဲ့ အရင် လေကြောင်း က တိုက်ခိုက် ခဲ့တာ လို့ ပြောပါတယ်။
IS တွေ သုံးတဲ့ ယာဉ် ၁၄ စီးကို အမေရိကန် လေကြောင်း ကနေ တိုက်ခိုက် ခဲ့တယ်လို့ အမေရိကန် စစ်ဌာနချုပ် ပန်တဂွန်က ပြောပါတယ်။
အီရတ် စစ်တပ် ကနေ IS စစ်သွေးကြွတွေ သိမ်းယူ ထားတဲ့ စစ်လက်နက် တွေကိုလည်း ထိမှန် ခဲ့တယ်လို့ ဆိုပါတယ်။
ကာ့ဒ် တပ်ဖွဲ့တွေ ဟာ အဲဒီ မိုဆူလ် ရေကာတာ အနောက်ဘက်က ရေကန် အရှေ့ဘက် နားကို ချီတက် တိုက်ခိုက် နေတာ ဖြစ်ပါတယ်။
အရင် အပတ် ကတော့ စစ်သွေးကြွ တွေဟာ တီဂရစ် မြစ်ပေါ်က လျှပ်စစ်ဓာတ် ထုတ်တဲ့ အဆောက် အအုံတွေကို ထိန်းချုပ် ထားခဲ့ တာပါ။




